ဒီနေ့ အကြင်နာနန်းတော် ဆိုက်ဒ်လေးကိုလာလည်ကြတဲ့ သူငယ်ချင်းတွေကို ဧကရီ လက်ဆောင်လေး
တစ်ခုပေးလိုက်ပါ့မယ်။။
ဒါလေးက ဘာလဲဆိုတော့..Black Device လို့လည်းခေါ်တဲ့
သူ့ကို ဘယ်နေရာမှာ အသုံးပြုကြသလဲဆိုတာပြောပြချင်လို့ပါ။
ကိုယ်တိုင်တော့ မသုံးဖူးပါဘူး( အမှန်ဝန်ခံခြင်းပါ)
မြန်မာပြည်က ဟက်ကာနာမည်ခံတဲ့သူတွေ တော်တော်များများ သုံးနေကြတဲ့ ပစ္စည်းလေးလို့ပြောရမှာပေါ့နော်။:P
ဒါလေးက System Casingနှင့် ချိတ်ဆက်ထားတဲ့Keyboard ကြိုးမှာကြားခံတပ်ဆင်ထားရင်
အမှတ်မထင် ကြည့်မယ်ဆိုရင် Keyboard Adaptor တစ်ခုလိုပဲထင်နိုင်ပါတယ်။
သူ့က ကွန်ပျူတာမှာ ရိုက်နှိပ်လိုက်သမျှ အချက်အလက်များကို ခိုးယူသိမ်းဆည်းထားနိုင်ပြီး
စာလုံးတိုင်း၊ အက္ခရာတိုင်းကိုသာမက Email Addressနှင့် Passwordများကိုပါ ခိုးယူသွားနိုင်တဲ့
Deviceတစ်ခုဖြစ်ပါတယ်။
တချို့အင်တာနက်ဆိုင်တွေမှာ တပ်ဆင်ထားမှု ရှိမရှိကို စစ်ပြီး မှသုံးသင့်ပါတယ်။
အောက်ကပုံလေးမှာကြည့်ပါ။မျှားလေးပြထားတဲ့နေရာလေးမှာ တပ်ဆင်တာဖြစ်ပါတယ်။
အင်တာနက်ဆိုင်ကနေသုံးကြတဲ့သူတွေဆိုရင်ကိုယ်သုံးတဲ့ကွန်ပျူတာမှာ Keyboardကေဘယ်လ်ကြိုးကို အရင်စစ်ဆေးသင့်ပါတယ်။
ဒီပစ္စည်းလေးနဲ့တူတဲ့.. ယူဆရဖွယ်ရှိတဲ့ အရာတစ်ခုခု တွေ့လိုက်ရပြီဆိုရင်တော့အဲဒီစက်ကို မထိုင်ပါနဲ့တော့။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ခိုးယူတဲ့နည်းကနေ ဥာဏ်ရှိသလို ကာကွယ်သင့်ပါတယ်။ ဒါလေးကဒေါ်လာ(၃၀)လောက်ပဲ ဈေးရှိတယ်လိုပြောကြပါတယ်။
နိုင်ငံကြီးတော်တော်များများမှာ အသုံးပြုကြပေမဲ့ တရားဝင်ရောင်းချခွင့်ပေးထားခြင်းမရှိတဲ့ ကိရိယာလေးပါ။
အောက်က လင်ခ်လေးကိုကလစ်ပြီးဖတ်ရှူ့ နိုင်ပါတယ်ရှင့်။
ဒီနေရာမှာ ကြည့်နိုင်ပါသည်။
ခင်မင်လေးစားလျှက် ***ဧကရီ***

Warning – Keylogger Device Hardware လေးပါ။