hein pyae sone lwin: rar file ကိုဘယ်လိုဖြေရလဲသိချင်လို့ပါ။ ကျွန်တော် download ဆွဲထားတာတွေကဖြစ်နေလို့ပါ။ကူညီပါနော်။
ဧကရာဇ်: rar file ကို winrar နဲ့ဖြေလိုက်လေ
http://download.cnet.com/WinRAR-32-bit/3000-2250_4-10007677.html
(or)
http://www.filehippo.com/download_winrar/
မရဘူးဆိုရင် ပြန်ပြောနော်။
sheinzaw: ကျွန်တော် သူငယ်ချင်းကို သီချင်းလေးတွေပေးချင်လို့ ကူညိပါဗျာ
ဧကရာဇ်: sheinzaw က ဘာသီချင်းလေးတွေ ပေးချင်တာလဲ ဘယ်လိုကူညီရမှာလဲ။သေချာ
မပြောထားတော့ ဘာကိုကူညီရမလဲမသိဘူး။
စနိုး: စနိုးရဲ့ facebook အကောင့်လေ စနိုးလဲ pass မပြောင်းပဲနဲ့ ပြောင်းသွားတယ် ဆိုပီး ဖွင့်လို့မရတော့ဖူး ရှင့် .... ကူညီပါရှင့်
ဧကရာဇ်:တခါတလေ အဲလိုကြောင်သွားတတ်ပါတယ်။လုံးဝသုံးမရတဲ့အထိလဲဖြစ်သွားတတ်ပါတယ်။
အခုအရင်ဆုံး facebookကိုဝင်ပြီး login နေရာမှာ Forgot your password?
ဆိုတာလေးရှိပါတယ်။ဝင်လိုက်ရင် အောက်ကပုံလေးလို ပေါ်လာပါလိမ့်မယ်။
အကောင့်ရဲ့ emailလိပ်စာဖြည့်ပြီး Search လုပ်ပေးလိုက်ပါ။ပြီးရင် Reset Password လုပ်ပေးလိုက်ပါ။
မေးလ်ထဲကို Password Reset Code ပို့ပေးပါလိမ့်မယ်။ဖြည့်ပေးပြီး new password ပြန်လုပ်နိုင်ပါတယ်။
တခါတလေ ပတ်စဝေါ့မှားတာမဟုတ်ဘဲ security questionတွေမေးတာရှိပါတယ်။အမှန်ဖြည့်ပေးလိုက်မှ
ဝင်လို့ရပါလိမ့်မယ်။
မင်းချစ်သူ၈၈၈၈: i pod computerထဲမှာgtalk ထည့် ချင်တယ်..ဘယ်လိုထည့်ရလဲပြောပေးပါ
ဧကရာဇ် : အမှန်ဝန်ခံရရင် မသိဘူးခင်ဗျ။i pod လဲ မကိုင်နိုင်ပါဘူးခင်ဗျာ။ကိုင်နိုင်ရင်တော့ ပြောပေးနိုင်မယ်ထင်တယ်။ခုတော့သိသေးဝူး။တခြားသိတဲ့သူတွေရှိရင် ၀င်ဖြေပေးလိုက်ပါခင်ဗျာ။
ကိုမင်းချစ်သူ ဒီနေရာလေးတွေမှာ သွားကြည့်လိုက်ပါ။ဆိုင်မလားတော့မသိဘူး။
http://www.appdonkey.com/
http://www.google.com/mobile/iphone/
ညီညီအောင်: ၀ိုင်းဝန်းကူညီပေးကြပါ ညီသုံးနေတယ် email အကောင့်ကို ဘယ်လိုမှာ ပြန်ဝင်လိုမရတောပါ ၀င်လိုက်တိုင် နံပါတ်မှာနေတယ်လိုပြပါတယ် သိသော်သူမျာကူညီကြပါ။
ဧကရာဇ်: ညီသုံးတဲ့emailက gmailကိုပြောတယ်လို့ထင်ပါတယ်။
security question သိလား။ဒါမှမဟုတ် secondary mail ထည့်ထားသေးလား။
တစ်ခုခုသိတယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။
ပထမဆုံး gtalk ကိုဝင်လိုက်ပါ။sign in အောက်မှာ forgot your password?ဆိုတာရှိတယ်။နိုပ်လိုက်ပါ။
ပုံထဲကအတိုင်း ပေါ်လာရင် email address မှာ ပျောက်သွားတဲ့မေးလ်လိပ်စာကို ဖြည့်ပေးလိုက်ပါ။
အပေါ်ပုံထဲကလို စာလေးတွေဖြည့်ခိုင်းပါလိမ့်မယ်။ဖြည့်ပေးလိုက်ပါ။ပြီးရင် continue လုပ်ပေးလိုက်ပါ။
ပုံထဲကအတိုင်း သုံးခုရှိပါတယ်။security question သိရင် Answer your security question ကိုရွေးပါ။
secondary mail ရှိရင် ဒုတိယတစ်ခုကိုရွေးပေးပါ။secondary mailကို စာပို့ပါလိမ့်မယ်။
အဲ့နှစ်ခုမသိဘူးဆိုရင် အောက်ဆုံးက I no longer have access to these ဆိုတာကို ရွေးပေးပြီးတော့
မေးထားတဲ့မေးခွန်းတွေ ဖြေပေးလိုက်ပါ။အဲ့ဒါကတော့ ခက်ပါတယ်။မသိနိုင်မမှတ်မိနိုင်တဲ့မေးခွန်းတွေ
ဖြစ်နေလို့ပါ။စမ်းကြည့်လိုက်နော်။အဆင်ပြေပါစေ။