28 Apr 11, 03:07 PM
naingnandaaung: YourFreedom ကိုဘယ်လိုသုံးရတာလဲ။အသုံးပြုပုံအသေးစိတ်ကိုမြန်မာလိုသိချင်ပါတယ်YourFreeDom အသုံးပြုပုံကိုမြန်မာလိုသိချင်ပါတယ်။.....................................................................................................................
naingnandaaung:စီဘောက်မှာ တောင်းထားတဲ့ YourFreedom အသုံးပြုနည်းလေး ဧကရီဖြေပေးလိုက်ပါတယ်နော် အဆင်ပြေပါစေရှင့်။
ဆော့ဝဲလေးနဲ့ အကောင့်ဖွင့်ဖို့ လင့်ခ်လေးပါ ထည့်ပေးလိုက်ပါတယ်နော်။
အရင်ဆုံး ဧကရီပေးမဲ့ Freedom Software လေးကို အရင် Downloads လိုက်ပါ။
YourFreedom ဆော့ဝဲကိုဒီနေရာမှာဒေါင်းလိုက်ပါ။
ဒီနေရာလေးမှာ အကောင့်ပြုလုပ်ပါ။
YourFreedom ဆော့ဝဲကိုဒီနေရာမှာဒေါင်းလိုက်ပါ။
ဒီနေရာလေးမှာ အကောင့်ပြုလုပ်ပါ။
software ကိုဒေါင်းပြီးလို့ အကောင့်လဲလုပ်ပြီးသွားပြီဆိုရင် software ကို installation လုပ်ရပါ့မယ်။ software ကို စသွင်းပြီဆိုတာနဲ့ ဘာသာစကားရွေးခိုင်းပါလိမ့်မယ်။ မြန်မာသာဘာလဲ ပါဝင်တာကိုတွေ့ရမှာပါ။ မြန်မာဘာသာစကားနဲ့ သုံးချင်သူအနေနဲ့ မြန်မာစာ ကိုကလစ်လုပ်ပါ English ကိုသုံးချင်သူအနေနဲ့ english ကိုရွေးသုံးနိုင်ပါတယ်။ အသုံးပြုရတာလွယ်အောင် English ဘာသာစကားကိုရွေးလိုက်ပါ။
ဒါဆိုရင် သင့်ကို windows နှစ်ခုတက်လာပါလိမ့်မယ်။ တစ်ခုက your freedom main windows နဲ့ နောက်တစ်ခုက setup လုပ်ဖို့အတွက်ပါ။
freedom ပွင့်လာရင် အသုံးပြုမည့် Language ကို ရွေးဖို့ ပေးပါလိမ့်မယ် ပေးထားတဲ့ freedom ကမြန်မာလိုလဲ ပါပါတယ်။
မြန်မာဆိုတာလေး ကို ရွေးပေးလိုက်ပါ။ zawgyi font တော့ ရှိဖို့လိုပါမယ်။
မြန်မာဆိုတာလေး ကို ရွေးပေးလိုက်ပါ။ zawgyi font တော့ ရှိဖို့လိုပါမယ်။
Welcome message ပါ Next ကိုကလစ်လုပ်ပြီး ဆက်သွားပါ။
Proxy Server ကိုတောင်းပါလိမ့်မယ်။ သင့် ISP (Internet Services Provider) က Proxy Server နဲ့သုံးရတာဆိုရင်တော့ သင့်အနေနဲ့ Proxy နံပါတ်နဲ့ Port နံပါတ်ကိုရိုက်ထည့်ပေးရပါလိမ့်မယ်။ Internet Options မှာ Proxy ထည့်သွင်းပြီးသားဆိုရင်တော့ အဲဒီကနေ အလိုအလျှောက်ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ No Proxy, Auto Detect တွေနဲ့သုံးလို့ရတယ်ဆိုရင်တော့ Try to auto-detect ကိုကလစ်လုပ်ပေးလိုက်လို့ရပါတယ်။ ပြီးရင်တော့ Next ကိုကလစ်လုပ်ပြီးဆက်သွားပါ။
Next ကိုကလစ်လုပ်ပြီးရင် Proxy နံပါတ် ရိုက်ထည့်ထားရင် ခဏစောင့်ပေးရပါမယ်။ သင်ရိုက်ထည့်ထားတဲ့ Proxy Server နဲ့ Connection ချိတ်ဆက်လို့ရမရ စစ်ဆေးနေလို့ပဲဖြစ်ပါတယ်။ Connection ချိတ်ဆက်လို့ရတယ်ဆိုရင် အောက်ကပုံကိုတွေ့ရမှာ ဖြစ်ပါတယ်။
Next ကိုကလစ်လုပ်ပြီး ဆက်သွားပါ။
ပုံမှာ မြင်တဲ့အတိုင်းပဲ Software ရွေးထားပေးတဲ့ Protocols တွေကိုပဲသုံးပါ။ အဆင်ပြေပါတယ်။ ဒါဆိုရင် Next ကိုကလစ်လုပ်ပြီး ဆက်သွားပါ။
သင် Next ကိုကလစ်လုပ်လိုက်ပြီဆိုတာနဲ့ Software က သင့်နေရာနှင့် အနီးဆုံး Freedom Server များကိုစရှာပါလိမ့်မယ်။ ဘာမှလုပ်ပေးစရာမလိုပါဘူး။ ခဏစောင့်ပေးလိုက်ရင်ရပါပြီ။
Server ရှာတာပြီးသွားပြီဆိုရင်တော့ အောက်ကပုံကို မြင်ရမှာပဲဖြစ်ပါတယ်။
အပေါ်က အဆင့်တွေပြီးပြီဆိုရင်တော့ ပြင်ဆင်မှုပြုလုပ်ရန် ဆိုတာ ထဲ သွားလိုက်ပါ ။
အဲဒီမှာ Server Connection ဆိုတဲ့ နေရာမှာ Address နဲ့ Port ကို သိရင်ဖြည့်လိုက်ပါ မသိဘူးဆိုရင်တော့ အောက်မှာ မသိပါက တဆင့်ချင်းဆီလုပ်ဆောင်ရန်ဆိုတာလေး ရှိပါတယ် အဲဒါကို နိုပ်လိုက်ပါ။ Server Connection ကို အလိုလျှောက် ရှာပေးပါလိမ့်မည်။
ထိပ်ဆုံးက Server တွေကတော့ Connection အကောင်းဆုံး Server တွေပဲဖြစ်ပါတယ်။
Server ရွေးပြီးသွားရင် အောက်မှာဖော်ပြထားတဲ့ ပုံအတိုင်းပဲ သင်လုပ်ထားတဲ့ အကောင့် User Name နဲ့ Password ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Next ကိုကလစ်လုပ်ပြီး ဆက်သွားပါ။
ဒီအဆင့်မှာတော့ သတိထားရမှာရှိပါတယ်။ အဲဒါကတော့ Browser မှာထည့်သွင်းအသုံးပြုရမယ့် Freedom Proxy ပဲဖြစ်ပါတယ်။ ပုံမှာကြည့်လိုက်ပါ။
Socks 4/5: localhost 1808 နဲ့
Web Proxy: localhost 8080
ဆိုပြီးတွေ့ရမှာ ဖြစ်ပါတယ်။ localhost ဆိုတာ 127.0.0.1 ကိုပြောတာပါ။ localhost ဆိုပြီးလဲသုံးနိုင်ပါတယ်။
ပြီးရင်တော့ Save and Exit ကိုကလစ်လုပ်နိုင်ပါပြီ။
Save and Exit ကိုကလစ်လုပ်လိုက်တာနဲ့ သင်လုပ်နေတဲ့ windows ပြောက်သွားပြီး Main Windows တစ်ခုပဲကျန်ခဲ့မှာပါ။ သင့်အနေနဲ့ ဘာမှလုပ်စရာမလိုတော့ပါဘူး။ Start Connection ကိုကလစ်လုပ်လိုက်တာနဲ့ သင်ရွေးထားတဲ့ Proxy Server ကိုစတင်ချိတ်ဆက်ပါတော့တယ်။ အချိတ်အဆက်မိသွားပြီဆိုရင်တော့ တံခါးပေါက်လေးပွင့်သွားပြီး အချိတ်အဆက်မရဘူးဆိုရင်တော့ အနီရောင် "!" (exclamation mark) လေးက တံခါးပေါက်လေးမှာ ဖော်ပြနေမှာ ဖြစ်ပါတယ်။ နောက်ကပုံတွေကို ကြည့်လိုက်ရင်တော့ သဘောပေါက်မယ်လို့ထင်ပါတယ်။
Start Connection ကိုကလစ်လုပ်ပြီး Connect ပြုလုပ်နေခြင်း ဖြစ်ပါတယ်။
Connection ရရှိပြီး Browser တွင်နှင့် ချိတ်ဆက်ရန် အသင့်ဖြစ်နေပါပြီ။
ဗအာက်က ပုံလေးက မြန်မာလို ရွေးလို့ရှိရင် ဒီလိုပုံလေး ထွက်ပါတယ်။
အဆင်ပြေပါစေနော်။ထိပ်ဆုံးက Server တွေကတော့ Connection အကောင်းဆုံး Server တွေပဲဖြစ်ပါတယ်။

အလွယ်တကူပဲ လိုင်းပေါ်ကရှာပြီးဖြေပေးလိုက်ပါ ..:D