“ဗမာသာအိ အဒိက အနှစ်သာယမှာ သတ်ပုန်သပ်ညွှမ်း ဖြစ်ပါသီ။ ဗမာသာပေ ယေးသားဂျလှယင် သတ်ပုန်ဂို သဒိပြုဿင့်ပါသီ။ ကျွန်းကြင်ဒင့်ပါတီ။ မတိလို့ မှားဒါဘဲဖြစ်ဖြစ်၊ ဒဒိမေ့ပီး မှားတာဘဲဖြစ်ဖြစ်၊ ဃယုမသိုက်လို့ မှားတာပဲဖျစ်ဖျစ် သာလုံးဘောင်း တတ်ပုန်မှားဘီဆိုယင် အယုတ်ဆိုးလှဘာတီ။” (ရှင်အာစာရ)
အွန်လိုင်းရွှေဝတ္ထုတိုဆု ရွေးခြယ်ရာတွင် “စာလုံးပေါင်း မှန်ကန်မှုအတွက်ပါ ထည့်သွင်း စဉ်းစားခဲ့ကြပါသည်။”ဟုဆိုပါသည်။ သို့သော် . . . ဆုရရှိသော ၀တ္ထုတို၌ စာလုံးပေါင်း (သတ်ပုံ) မှားယွင်းမှုများ အရုပ်ဆိုးလှပါသည်။ . . . . . သို့သော် ရွေးစရာမရှိ၍၊ ပိုကောင်းသောဝတ္ထု မရှိတော့၍ အကောင်းဆုံးဟု ရွေးလိုက်ရခြင်းလည်း ဖြစ်နိုင်ပါသည်။ (ထိုသို့ဆိုလျှင် အထူးတလည်း ၀မ်းမြောက်ဖွယ် ကိစ္စရပ် မဟုတ်သေးပါ။)
မည်သို့ဆိုစေ အကဲဖြတ်အမှတ်ပေးဒိုင်များ ဖြစ်ကြသော ဆရာဦးဝင်းဖေ၊ ဆရာဦးဝင်းငြိမ်း (ရွှေအမြုတေ)၊ ဆရာဦးနေဝင်းမြင့်၊ ဆရာဦးမင်းဒင်၊ ဆရာမ နုနုရည်(အင်းဝ) နှင့် ဆရာမဒေါ်ခင်ခင်ထူးတို့ကို အထူး မေတ္တာရပ်ခံလိုပါသည်။ ဒုတိယအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆု ရွေးခြယ်ရာ၌ (“စာလုံးပေါင်း မှန်ကန်မှုအတွက်ပါ ထည့်သွင်း စဉ်းစားခဲ့ကြပါသည်။”ဟု ဆိုသည့်အတိုင်း) ပထမအကြိမ်ကထက်ပို၍ သတ်ပုံမှန်ကန်မှု၊ စာလုံးပေါင်းမှန်ကန်မှုကို အဓိကထားစေလိုကြောင်း မေတ္တာရပ်ခံ အကြံပြုလိုပါသည်။
ရသစာပေဧည့်ခန်းဆောင်၌ သတ်ပုံသတ်ညွှန်းကို ဘယ်လိုသဘောထားပြီး ဘယ်လိုနည်းနဲ့ ဆက်ဆံကြမလဲ။