ဒီသီချင်းလေးကို ကျွန်တော်ရဲ့ချစ်သူ မဧကရီအတွက် တင်ပေးလိုက်ပါတယ်။
ဒါကသီချင်းစာသားလေးပါ။
သတိရရဲ့လား မှတ်မိရဲ့လား
မရဲ့ဘေးနားရှိတဲ့ ကောင်လေး ကျွန်တော့်ကို
မတွေ့ရရင်လည်း လွမ်းလို့ နေမယ်
တကယ်မေ့လို့မရတဲ့ မရဲ့မျက်ဝန်းရယ်..
မရယ် လိမ်ညာရင်လည်း
ဟန်ဆောင်အပြုံးလေးတခုတော့ လိုချင်တယ်
မက ကျွန်တော့်အတွက် မရှိမဖြစ်ပါ မရယ်
အချိန်ရှိတိုင်းဘဲ မရဲ့ ဘေးနားရှိချင်တယ်
ဖြူစင်လွန်းတဲ့ မရဲ့အပြုံးလေးများထဲ ရင်ခုန်နေမိတယ်..
မရယ် မထားခဲ့လိုက်ပါနဲ့...
မရဲ့ရှေ့က အမြဲရှိနေပေးမယ်..
ဘယ်သူတွေပြောပြော ဂရုမစိုက်ဘဲ ဆက်ချစ်နေမယ်...
ဆံပင်ရှည်လေးနဲ့ လှတဲ့ မအတွက် အမြဲတမ်း ဘာမဆို စွန့်ရဲတယ်..
မရယ် ... မရက်စက်လိုက်ပါနဲ့...
မချစ်လို့မရဘဲ အမြဲရှိနေမယ်..
နှလုံးသားထဲက မအတွက် နေရာလေးရယ်...
ညဘက်ဆိုလည်း ဖုန်းဆက်နေမယ်...
ချိုသာလွန်းတဲ့ မရဲ့အပြုံးရယ် အသံလေးရယ်...
မရယ်... တချိန်ချိန်မှာတော့
ကျွန်တော်လေ မရဲ့ဘေးနား ပျော်ချင်တယ်....
မရဲ့ပါးလေးနမ်းရှိုက်ချင်မိတယ်...
ရင်ခွင်ထဲ ထွေးပွေ့လို့ အမြဲဖက်ထားချင်တယ်...
ညင်သာစွာ မရဲ့လက်လေးဆွဲလို့ မြို့အနှံ အတူတူလျှောက်သွားမယ်...
မရယ်... ဆုတောင်းလေးပြည့်ချင်တယ်...
တခြားတစ်ယောက်ယောက်နဲ့တွဲသွားရင်လည်း..
နာကျင်စွာအပြုံးလေးတစ်ခုတော့ မအတွက်ပေးနိုင်တယ်..
အရာရာကို ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်ရင်းဘဲ တကယ်မြတ်နိုးနေလို့
မရယ်...ချစ်တယ်..အရမ်းပဲချစ်ပါတယ်....