12 Jun 11, 03:58 PM
Mona: မိုနာတို့ချစ်သူသက်တမ်း၂နှစ်လောက်ရှိပါပြီ။ူသူကနောက်လာမယ့်၎လပိုင်းလောက်ကျရင်လက်ထပ်ချင်ပါတယ်တဲ့။မိုနာကငယ်သေးတယ်ထင်လို့လက်မခံချင်သေးဘူး။
ခုမိုနာအသက်က၂၃ပါ။သူကလဲ၂၅ပဲရှိသေးတယ်။အဲဒါသူ့ကိုဘယ်လိုဖျောင်းဖျရမလဲဟင်
တကယ်လို့လက်ထပ်မယ်ဆိုရင်ရောအစစအရာရာအဆင်ပြေပါ့မလား။ဖြေပေးပါနော်...
***ဧကရီ*** မိုနာရေ ချစ်သူသက်တမ်း ၂နှစ်လည်းပြည့်နေပြီ ဆိုတော့ ချစ်သူအကြောင်းလည်း ပြည့်ပြည့်စုံစုံ
သိပြီးသားနေမှာပေါ့နော်...ဒါဆိုရင် မိုနာရဲ့ ဆန္ဒ နဲ့ ချစ်သူရဲ့ သဘောထားတွေကို ညှိညှိနိုင်းနိုင်း
တိုင်ပင်ကြည့်နော်..
အဓိက ကတော့ မိုနာကော မိုနာချစ်သူပါ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလား?
ပညာရေး.စီပွါးရေး..ကျန်းမာရေး.. နောက် နှစ်ဖက်ဆွေမျိုးမိဘ အသိုင်းအ၀ိုင်း တွေပေါ့ ။
နှစ်ဦးနှစ်ဖက် သဟဇဿ ဖြစ်ဖို့လိုအပ်ပါတယ်။ အိမ်ထောင်မူ ဘုရားတည် ဆေးမှင်စုတ်ထိုး မပိုင်ရင်
မလုပ်သင့် ပါ ။ပြင်မရတဲ့ အမှားမျိုး နဲ့ မိုနာလေး ဘ၀တစ်ခုလုံး အမဲစက် မထင်အောင် သေချာစဉ်းစားပေါ့။
ဒါမှ မိဘတွေလည်းစိတ်ချမ်းသာမယ်လေ.. ဘယ်မိဘမဆို ကိုယ့်သားသမီးကို ဆင်စီးပြီးမြင်းရံ ကြတာမြင်
ချင်ကြတတ်ပါတယ်။
ဧကရီ အကြံပေးချင်တာကတော့ မိုနာရဲ့ မေမေကို တိုင်ပင်ဖေါ် သူငယ်ချင်းတစ်ယောက်လို
သဘောထားပြီး မိုနာနဲ့ မို့နာချစ်သူတို့ဖြစ်ချင်တဲ့ သဘောထားလေးကို မကြောက်ဘဲ တိုင်ပင်သင့်ပါတယ်။
အိမ်ထောင်မူ့သက်တမ်းကိုဖြတ်တမ်းကြတဲ့သူတွေထဲမှာ မိခင်တစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ ဘ၀ပေး သင်
ခန်းစာကို နှောကြေ တတ်မြှောက်သူပါပဲ မိုနာ..အမှားအမှန်ကိုခွဲခြားပေးနိုင်တာ မိုနာရဲ့မေမေဘဲမို့ ဒီအကြံ
လေးပေးလိုက်ပါရစေနော်..
ချစ်သူနှစ်ဦးပျော်ရွှင်စွာ ချစ်ခရီးလေးဖြောင့်ဖြူးနိုင်ပါစေ။