ခရိုအေးရှား နိုင်ငံမြို့တော် Zagreb တွင် ဇွန်လ ၁၈ ရက်နေ့က ဒေါက်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပရာ ဒေါက်ဖိနပ်များ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ရသည့် အပြေးပြိုင်ပွဲသို့ အမျိုးသမီး ၇၀ ခန့် ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါ မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် စီးနင်းယှဉ်ပြိုင်ရမည့် ဒေါက်ဖိနပ်မှာ အနည်းဆုံး အမြင့် ၈ စင်တီမီတာ ရှိရမည်ဟု ပြိုင်ပွဲစည်းမျဉ်း သတ်မှတ်ထားကြောင်း သိရသည်။