မီးလေးငယ်: vzo နဲ့ Skype ကို မြန်မာလိုရေးလို့ရတယ်လို့ပြောနေကြလို့ ရေးနည်းလေး ဖြေပေးပါလားရှင့်..ကျေးဇူးတင်ပါတယ်နော်..
vzoတော့မသိဘူး skype မှာ မြန်မာဖောင့်ဘယ်ကချိန်းတာလဲဆိုတာတော့သိလို့ ရေးပေးလိုက်ပါတယ်။
ပထမဆုံး skype ကို အကောင့်ဝင်လိုက်ပါ။
၁။ပုံမှာပါတဲ့အတိုင်း Tools >Options ကိုသွားပါ။
အထက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်။IM&SMS ကိုသွားလိုက်ပါ။
၂။IM appearance ကိုသွားပါ။
၃။ပုံထဲက အတိုင်း ကိုယ်သုံးမယ့်မြန်မာဖောင့်တစ်ခုကို ရွေးပြီး OK ပေးလိုက်ပါ။
အဆင်ပြေပါစေ။
aung min ko: ကျွန်တော် တောင်းထးတဲ့  HTC smart ဖုန်းအတွက် game နဲ့  မြန်မာဖောင့် လေး ကျေးဇူးပြုပြီး တင်ပေးပါအုံး.
ဒီနေရာလေးမှာ ဂိမ်းအတွက် ဒေါင်းယူနိုင်ပါတယ်။ဖောင့်အတွက်ကတော့ ကျွန်တော်လဲ မတွေ့သေးလို့ပါ။
ကိုယ်တိုင်မစမ်းဖူးတော့ မလုပ်တတ်ဖြစ်နေလို့။
http://www.mobileheart.com/cell-phone-games/2120-HTC-Smart-Games.aspx
zuzu: အစ်ကိုတို့ အစ်မတို့ တည်ဆောက်ထားတဲ့ Website လေးတွေကို အရမ်းသဘောကျ၊ အားကျမိပါတယ်။ ကျေးဇူးပြုပြီးတော့ လုပ်ပုံလုပ်နည်းလေး ပြောပြပေးနိုင်မလား။ တော်တော်များများစမ်းကြည့်ပါတယ်။ လိုချင်တဲ့ပုံစံမရဘူးဖြစ်နေလို့
လုပ်ပုံလုပ်နည်းကတော့ လွယ်ပါတယ်။ဒါပေမယ့် ပြောမပြတတ်ဘူးဖြစ်နေလို့ ဖြစ်နိုင်ရင်
18akariz18@gmail.com ကို အက်ပေးပါလား။လက်တွေ့လုပ်ရင်း ပြောပေးတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။