ထောင်ချောက် Gmail login များ လို့ ခေါ်လို့ရပါတယ်..Gmail login အတုအယောင်လေးပါ။
ခုတစ်လော အင်တာနက်ဆိုင်တွေမှာ ကိုယ်မေးလ်တွေ အဖေါက်ခံရလို့ .ဖွင့်မရတော့ဘူး .password ကိုဘယ်လိုခိုးသွားကြလဲမသိ။
ဟက်ကာပညာရပ်လေးတွေ နဲ့ လား..ဆော့ဝဲတွေနဲ့လား ဘယ်လို ယူမှန်းမသိ ကိုယ့်Gmail တွေ ပြန်ဖွင့်တော့မရတော့တာတွေ ခနခန
ကြား ရလွန်းလို့ ပါ။ ဒါက ကိုယ်ရဲ့ ပေါ့ဆမူ့ကြောင့် ဖြစ်ရတာတွေလည်းပါပါတယ်..
ဆိုင်မှာ တစ်ချို့ နည်းပညာနဲ့ ဟက်ကာဝါသနာပါတဲ့ သူတွေ လက်ချက်မိသွားတာပါ။
တကယ်တော့ ခိုးတာမဟုတ်ဘူး..ယူတာပါ..:)
ဗဟုသုတ အနေနဲ့ မှတ်ထားသင့်တဲ့ အမူ့မဲ့ Gmail login တွေရဲ့ ထောင်ချောက်လေးတွေပါ။
အောက်က ပုံလေးကို သေချာကြည့်ပါ။ Gmail login တော့ တူတူပါပဲ..အမှတ်တမဲ့ ကြည့်ရင်.
ံhttps://mail.google.com/mail/ ထဲက ၀င်တာနဲ့ တူတူပါပဲ..သူ့ထဲကို ၀င်လိုက်မိမယ်ဆိုရင်တော့ အဲဒီမေးလ်
နောက်တခါ ပြန်ဖွင့်ရင်တော့ ရမရတော့မသိ ယူတဲ့သူက password မပြောင်းရင် ကံကောင်းပဲ..:P
ဒီ အပေါ်ပုံလေးကိုကြည့်လိုက်..ရုတ်တရက် ဘာမှသတိမထားမိပဲ Gmail login ၀င်မိရင်တော့ ကိုယ့်မေးလ် သူများလက်ထဲရောက်သွား
မှာ ဖြစ်ပါတယ်.. ခု ပုံမှန် ၀င်နေကြဖြစ်တဲ့ https://www.google.com/accounts/ServiceLoginAuth ကနေ၀င်တဲ့Gmail login လေးနဲ့မတူပါဘူး..
သူက ဘယ်ကနေ၀င်ရလဲဆိုတော့.. Fake Loign page လေးက ၀င်လိုက်မိတာပါပဲ။
သူကိုဖွင့်လိုက်မိပြီဆိုရင် သတိထားရမှာ က Welcome to Gmail ရဲ့ စာတန်းဘေးမှာ ပေါ်လာတဲ့စာလေးရဲ့ ဘေးမှာ အနီရောင်စာလုံးလေးတွေနဲ့ စာတန်းတွေအပိုပါနေမှာပါ။ (a fake login page) လေးတစ်ခုမို့ သတိထားရမှာဖြစ်ပါတယ်..အောက်ကလင့်ခ်လေးကိုကြည့်လိုက်ပါ..
ဝင်မိရင်တော့ သတိထားပေါ့နော်..
http://www.planetcreator.net/tutorial/Fake Login/Gmail.htm
အဲကနေ ၀င်ရအောင်လုပ်ထားမယ်.. နောက် ဒီကနေ..password တွေ မြင်နိုင်တဲ့နေရာလေးကနေ ပြန်ကြည့်နိုင်ပါတယ်.။
http://www.planetcreator.net/tutorial/Fake Login/FakeLoginPasswords.htm
ကာကွယ်နည်းကတော့ မိမိရဲ့ Login Details တွေကို မဖြည့်သွင်းမီမှာ URL ကို သေချာစစ်ဆေးဖို့နဲ့
မိမိမသိတဲ့နေရာကနေ ရထားတဲ့ လင့်တွေကနေတဆင့် Login Page တွေကို မဝင်မိအောင် သတိပြုကြဖို့ပါပဲ ...
ခင်မင်လေးစားစွာဖြင့်..
ဧကရီ