ဖြစ်သင့်ပါသလား လောကကြီးရယ်...
မိမိချစ်ခြင်းအတွက် မိမိနာကျဉ်ရမယ်
သူတစ်ပါး မနှစ်လိုမှုအတွက် ပေးအပ်ရမယ်
ချစ်ခြင်းမူးယစ်နေသူ 2 ယောက်မှာ
သာယာပျော်ရွှင် နေကြတယ်လေ...
အဲ့ဒီ ချစ်ခြင်းကို မြင်နိုင် သိနိုင် ခံစားနိုင်စွမ်း
မရှိတဲ့ လူတစ်ချို့ရဲ့ ဆန္ဒတွက် စွန်လွှတ်ရမယ်တဲ့လား...
ကျေးဇူးပြု၍ အနည်းငယ်လေးမျှ မြင်ပေး သိပေးကြပါလား
ချစ်ခြင်းနစ်မွန်းနေသူ တွေ ရဲ့ နောက်ဆုတ်အရှူံးပေးမှုကိုတောင်
မမြင်နိုင် မရှူ့နိုင် ဖြစ်နေကြသူတွေကို အရှူံးပေးသင့်လား...
တကယ်ဆို ဘယ်အရာမှ မမှုတမ်း ချစ်သူလက်ဆွဲ
ရင်ကော့ပြီး ချစ်ခရီးထွက်လိုက်ချင်တာပါ
အရာရာကိုကျော်ဖြတ်ဖို့လည်း မာန်အပြည့်ရှိပါတယ်...
မိသားစုနဲ့ လွန်ဆွဲနေရမဲ့ ချစ်သူရဲ့ စိတ်ဒုက္ခကို မကြည့်ရက်လို့ပါ
ဘာကြောင့် လိုအပ်တာထက်ပိုတဲ့ အဟန့်တွေကြုံရတာလည်း
ထားခဲ့ပါချစ်သူ ... ဆက်လက်အရှူံးပေးနေလိုက်ပါ
ကျေနပ်မှုတွေဟာ ချစ်သူအတွက်ပါ
လက်လျှော့ နောက်ဆုတ်ခဲ့တာ ချစ်သူအတွက်ပါ
ဒါပေမဲ့လည်းချစ်သူ...
ကျေးဇူးပြု၍ မှတ်ထားပေးပါ...
ပိုင်ဆိုင်သူ မရှိတဲ့ဘ၀ထဲက ချစ်သူအတွက်
သိပ်ချစ်တယ်ဆိုတဲ့ နှလုံးသားနဲ့အတူ အမြဲ အသင့်ရှိနေပါမယ်...
ချစ်သူတစ်ယောက် သာယာသောဘ၀လေးတစ်ခုသို့
လျှောက်လှမ်းနိုင်ပါစေ...