၁) ကခုန်တာကြောင့် ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေကို ဆွဲဆန့်မှု
ဖြစ်စေပြီး ပျော့ပျောင်း သန်စွမ်းမှု ရှိစေပါတယ်။
၂) ကခုန်တာကြောင့် နှလုံးသွေးကြော စနစ်ကို ကောင်းမွန် တိုးတက် စေပါတယ်။
အက နည်းစနစ်နဲ့ ကတဲ့ အချိန် အတိုင်းအတာပေါ် မူတည်ပြီး ခန္ဓာကိုယ်
တစ်ခုလုံးရဲ့ နှလုံး သွေးကြောစနစ်ကို အလုပ် လုပ်စေတာကြောင့် နှလုံးကို
ကျန်းမာ စေပါတယ်။ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ တေးဂီတ သံစဉ်တွေ ပေါင်းစပ်
လှုပ်ရှား ရတာကြောင့် စိတ် ပျော်ရွှင်မှုကို ရရှိစေပါတယ်။
၃) ကခုန်တာကြောင့် ကြွက်သား ထုထည်ကို တိုးစေပါတယ်။ ကခုန်တာက ကြွက်သား
လှုပ်ရှားမှုကို ထပ်ခါ ထပ်ခါ လုပ်ဆောင် ရတာကြောင့် အသုံးပြုဖြစ်တဲ့
ကြွက်သားတွေရဲ့ ထုထည်က တိုးလာပါတယ်။
၎) ကခုန်တာကြောင့် ကိုယ် အလေးချိန်ကို လျော့ကျစေ ပါတယ်။ ခန္ဓာကိုယ်
တစ်ခုလုံးကို လှုပ်ရှားမှု လုပ်ရတာကြောင့် ကတဲ့ အခါမှာ နှလုံးခုန်နှုန်း
တိုးမြင့်စေပြီး အဆီတွေကို လောင်ကျွမ်း စေနိုင်ပါတယ်။ ကခုန်တာက ရေကူးတာ၊
စက်ဘီး စီးတာ နဲ့ လမ်းလျှောက်တာ တွေလိုပဲ ကယ်လိုရီကို လျော့ကျစေ ပါတယ်။
၅) ကခုန်တာက အရိုးတွေကို သန်စွမ်းစေ ပါတယ်။ တင်ပဆုံရိုး၊ ပေါင်ရိုး နဲ့
ကျောရိုးတွေကို သန်စွမ်း စေကာ အရိုး သိပ်သည်းဆ အားကောင်း စေတာကြောင့်
အရိုးပါး ရောဂါ ဖြစ်နှုန်းကို လျော့ကျစေ ပါတယ်။
http://swesonemedia.org/index.php?id=1041
--
..................
Lin Linn