အမည်မသိ: usb stick ကို ဂိမ်းစက်မှာ ထိုးရင် အလုပ်လုပ်တယ်။ သာမန်ကွန်ပျူတာမှာ ထိုးရင် အလုပ်မလုပ်ဘူး မပေါ်ဘူးဖြစ်နေတယ် ကူညီပေးပါနော်
***ဧကရီ***
USB Stick ကိုအရင်ဆုံး ကိုယ့်ကွန်ပြူတာမှာချိတ်လိုက်ပါ..
နောက်ကီးဘောက်က ၀င်းဒိုးကီးနဲ့ E ကိုတွဲနိုပ်ပါ။
ပေါ်လာတဲ့ My Computer ဘောက်ထဲက အပေါ်ဘားမှာ ပါတဲ့ Folders ကိုကလစ်လိုက်ပါ။
အောက်ကပုံလေးကိုကြည့်ပါ။
ဘယ်ဖက်ဘေးက Folders အကွက်အောက်က My Computer အောက်က + လက္ခဏာလေးတွေမှာ
ကိုယ် USB Stick name ကိုရှာပြီး ကလစ်လိုက်ပါက ဖွင့်လို့ရသွားပါလိုက်မယ်..
သူက Folders တွေမဖတ်ပဲ ပျောက်နေတာမျိုး ရှိတတ်ပါတယ်။။
Stick ထဲမှာ ဗိုင်းရပ်တွေ သတ်ဖို့လိုနေတာလည်း ဖြစ်တတ်ပါတယ်..။
ပေါ်လာတဲ့ USP Stick ကို လက်ကလစ်ထောက်ပြီး ဗိုင်းရပ် အရင်စစ်ပြီးမှ ဖွင့်စေချင်ပါတယ်။
အဆင်ပြေပါစေနော်။။