အမေ...
မကြာခင်ရောက်လာတော့မဲ့
အမေရဲ့ အိုမင်းမစွမ်းချိန်ကို
သားစိုးရွံ့နေမိတယ်အမေရယ်...
ခုချိန်ထိအမေ့ရဲ့ ပြုစု ယုယ ပျိုးထောင်မှုတွေကို
အစွန်အဖျားလောက်တောင်
သားကျေးဇူးဆပ်နိုင်သေးရဲ့လားမသိ...
အမေ့ဘေးနေလို့ အမေ့ကို
ခြေဆုပ်လက်နယ်လေးတောင်
လုပ်မပေးနိုင်လည်း သားကိုခွင့်လွှတ်နားလည်ပေးနေလည်း
သားအမေအတွက်ယူကြုံးမရဖြစ်နေမိတယ်အမေရယ်...
အမေဘေးမှာနေဖို့ သားပြန်လာနိုင်ဖို့
ကြိုးစားနေပါတယ်အမေ...
အမေတစ်ယောက် ကျမ္မာရွှင်လန်းပါစေနော်...