့htay lwin: ကျွန်တော် ပြောမနာ ဆိုမနာ သူငယ်ချင်း ကောင်မလေးကို ချစ်တယ်လို့ ပြောမိတယ်ဗျ။ သူက နင်ကငါ့ကို ဘာလို့ချစ်တာလဲ တဲ့ဗျ။ နင်နဲ့ငါနဲ့ ရည်းစားဖြစ်သွားရင်ရော နင်ကဘာလုပ်မှာလဲ တဲ့။ကျွန်တော်မဖြေတတ်ဘူးဗျ။ဘာလုပ်ရမလဲဗျာ။
ဧကရာဇ် : မိန်းကလေးတစ်ယောက်ကို ချစ်တယ်ပြောမိတာ ဘာလို့လဲ မေးရင် ချစ်လို့ပါလို့ဖြေရမှာပေါ့နော်။ဟဲဟဲ။
စတာပါ။ပြောပြမယ်နော်။လူဆိုတာ တစ်ယောက်ထဲ ဘ၀မှာ တစ်ယောက်ထဲရပ်တည်ဖို့ခက်ခဲပါတယ်။
မဖြစ်ဘူးတော့ မဟုတ်ဘူး။တစ်ယောက်ထဲနေရင်တော့ ရပါတယ်။ပျင်းရိဖွယ်ကောင်းမယ်။နောက် အခက်အခဲတွေရှိမယ်ပေါ့နော်။ဥပမာတောထဲမှာတစ်ယောက်ထဲသွားနေမယ်ဆိုပါစို့။ကြာလာရင်စကားပြောဖော်လိုမယ်။
အစားအသောက်ကောင်း ကောင်းလေးတွေ စားချင်မယ်။မျိုးစုံပေါ့။နောက်နေမကောင်းတဲ့အချိန် ပြုစုမယ့်သူ ကြင်နာမယ့်သူလိုအပ်မယ်။အဲ့ဒီတော့ လူတွေဟာ တစ်ယောက်ထဲ မနေကြပါဘူး။လူသားမျိုးနွယ်စုတွေ စုနေတယ်။
ရွာတွေတည်တယ်။နိုင်ငံတွေတည်ထောင်တယ်။ဒါတွေဟာ တစ်ယောက်ထဲမရပ်တည်ချင်လို့ ဖြစ်လာတာတွေပါ။
လူနှစ်ယောက်တူတူနေမယ်ဆိုရင် တစ်ယောက်လိုအပ်တဲ့အကူအညီတွေ တစ်ယောက်က ကူညီနိုင်မယ်။တစ်ယောက်စိတ်ညစ်ရင် တစ်ယောက်မျှဝေခံစားပေးနိုင်မယ်။အေးအတူပူအမျှပေါ့နော်။
အဲ့ဒီတော့ မိန်းကလေးတစ်ယောက်ဘဲဖြစ်ဖြစ် ယောကျာ်းလေးတစ်ယောက်ဘဲ ဖြစ်ဖြစ် ချစ်မိတယ်ဆိုတာ ကိုယ့်ဘ၀အတွက် သင့်တော်တဲ့သူ ကိုယ်နဲ့ကိုက်ညီမယ့်သူ ဖြစ်သမျှကိစ္စပြဿနာအခက်အခဲ အားလုံးကို အေးအတူပူအမျှ ဖြေရှင်းပေးနိုင်မယ့် နားလည်မှုပေးနိုင်မယ့်သူ ရွေးချယ်ခြင်းလို့ ပြောလို့ရပါတယ်။ချစ်သူလေးတစ်ယောက်ရှိရင် အနည်းဆုံးတော့ ကိုယ်စိတ်ညစ်နေတဲ့အချိန် ပျော်ရွှင်မှု ပေးနိုင်တာပေါ့။တစ်ခုတော့ရှိတယ်။ချစ်သူဆိုတာလဲ လူသားတစ်ယောက်ဘဲဆိုတော့ ကိုယ်ကိုင်တွယ်တတ်ရင် အေးမြမှုကို ပေးနိုင်ပြီးတော့ မကိုင်တွယ်တတ်ရင်တော့ ပူလောင်ရပါလိမ့်မယ်။အရွေးမတတ်ဘဲ မရွေးချယ်သင့်တဲ့သူကို ရွေးချယ်မိရင်လဲ ပူလောင်ရပါလိမ့်မယ်။ဒါက ပထမ မေးထားတဲ့ ဘာလို့ချစ်တာလဲဆိုတဲ့မေးခွန်းအတွက် ဖြေပေးတာပါ။ကိုယ်ပြောဆိုတတ်သလို လိမ္မာပါးနပ်စွာ ကိုယ့်ချစ်သူကို ဖြေဆိုနိုင်ပါတယ်။ဒုတိယမေးထားတဲ့ နင်နဲ့ငါချစ်သူဖြစ်သွားရင် ဘာလုပ်မှာလဲဆိုတာက ခုနက ပြောသွားတဲ့ကိစ္စရပ်လေးတွေကိုဘဲ အကျယ်ချဲ့ပြီး ပြောလိုက်ရင် သူကကျေနပ်မှာပါ။ချစ်သူဖြစ်သွားရင် တစ်ယောက်အခက်အခဲတစ်ယောက်ကူညီမယ်။ပြဿနာတွေရှင်းမယ်။ပျင်းနေရင် စကားတွေပြောမယ်။လျှောက်လည်မယ်။ကြင်နာမှုတွေပေးမယ်။ဂရုစိုက်မယ်။မျိုးစုံ ကိုယ်ပြောတတ်သလိုပြောလိုက်ပေါ့။အဲလိုပြောလိုက်လို့ သူက ငါတစ်ယောက်ထဲနေရင်လဲ ဖြစ်တာဘဲ ပျော်ပါတယ်ဆိုရင် ငယ်ငယ်က ကလေးတွေ ကစားရင် တစ်ယောက်ထဲကစားရတာ ပျော်လား အများနဲ့ကစားရတာပျော်လား စဉ်းစားကြည့်လို့။အများစုက အများနဲ့ကစားရတာကို နှစ်သက်ပါတယ်လို့ ပြောလိုက်ပါ။ဒါဆိုရင် ဖြေလို့ရပြီလို့ ထင်ပါတယ်။ဒါဟာ ကျွန်တော်ကိုယ်ပိုင်အမြင်နဲ့ရေးထားတာ ဖြစ်တဲ့အတွက်
လိုအပ်ချက်တွေရှိချင်ရှိနိုင်ပါတယ်။ဒီထက်ကောင်းတဲ့ အဖြေလေးတွေ ရှိရင်လဲ လက်တို့ပါအုံးနော်။အဆင်ပြေပါစေ