လမင်း: ကိုယ့်ချစ်သူကကိုယ့်ကိုတကယ်ချစ်မချစ်သိချင်ရင်ဘယ်လိုစိတ်စမ်းရမလဲ။ကိုယ့်ဘက်ကအရမ်းချစ်ရင်
ကိုကပိုခံစားရတယ်နော်။ကိုယ့်ချစ်သလိုသူကလည်းကို့ကိုချစ်အောင်ဘယ်လိုလုပ်ရမလဲ။
ဧကရာဇ် : ကိုယ်ချစ်သူက ကိုယ့်ကိုတကယ်ချစ်မချစ်ဆိုတာသိချင်ရင် ဘယ်လိုစိတ်စမ်းရမလဲ ? တော်တော်ခက်မှာနော်။ချစ်သူမှမဟုတ်ဘူး။လူတစ်ယောက်ရဲ့စိတ်ကိုသိဖို့တောင် တော်တော်ခက်တာ။ချစ်သူကိုယ့်ကို တကယ်ချစ်မချစ်ဆိုတာ ပိုဆိုးတာပေါ့။ဘာဘဲဖြစ်ဖြစ်မေးလာပီဆိုတော့လဲ ရမ်းတုတ်ရတော့မှာပေါ့ဟဲဟဲ။ကိုယ်ချစ်သူ က ချစ်မချစ်သိချင်ရင် အရင်ဆုံး သူ့ကိုအရင်လေ့လာမယ်။သူဘယ်လိုလူဆိုတာ သုံးသပ်ကြည့်မယ်။သူကအရမ်းကို လည်သလား။နောက်ဟန်ဆောင်တတ်သလား။လျှို့ဝှက်တဲ့သူတစ်ယောက်လား။အဲလိုလူဆိုရင်တော့ တော်တော်ကြီးလေ့လာဖို့ခက်မယ်နော်။သူကအဲလိုလူမဟုတ်ဘူးသာမန် ရိုးရိုးသားသားလေးဆိုရင်တော့ သူ့အမူအရာတွေကိုကြည့်ရအောင်။
ပထမဆုံး သူက ကိုယ်အပေါ်ဘယ်လိုဆက်ဆံသလဲ။ကြင်နာရဲ့လား။ဂရုစိုက်လား။အလေးထားလား။
ကြင်နာလားဆိုတာက သူနဲ့တွေ့ရတဲ့အချိန် ကိုယ်စိတ်ချမ်းသာအောင် ကြင်ကြင်နာနာလေးဆက်ဆံသလား။ကိုယ် နှစ်သက်တဲ့အပြုအမူမျိုးလုပ်သလား။ဂရုစိုက်လားဆိုတာကတော့ လမ်းသွားရင် ဖြစ်ဖြစ် ကိုယ့်ရဲ့အန္တရာယ် ဖြစ်မှာမျိုး နောက် နေမကောင်းရင် သူကိုယ်တိုင်ခံစားနေရသလိုမျိုး ဂရုစိုက်သလား။အလေးထားတယ်ဆိုတာက သူကို ပြောလိုက်တဲ့စကားတွေ သူနဲ့ချိန်းလိုက်တဲ့နေရာတွေ ကိုယ်မှာလိုက်တဲ့ကိစ္စတွေ အလေးအနက်နဲ့ အလေးထား လုပ်ရဲ့လား။ဒါတွေလေ့လာရမှာပေါ့နော်။ဒါတွေက သူရဲ့ဆက်ဆံပုံတွေကိုအရင်စဉ်းစားရမှာပါ။
ဒုတိယ အဆင့်အနေနဲ့ သူအကြောင်း သူအကျင့်တွေ သိပြီဆိုရင် သူနေရာမှာ အစားဝင်ခံစားကြည့်ပါ။ငါသူ့နေရာ မှာဆိုရင် ဒီကောင်မလေးကို တကယ်ချစ်မလား။မချစ်ဘူးလား။ငါချစ်တယ်ဆိုရင် ငါဘာတွေလုပ်မလဲ ဘယ်လိုတွေ သူ့အပေါ်ဆက်ဆံမလဲ။ဒီလိုလေးတွေ တွေးကြည့်လိုက်ရင် သူချစ်မချစ်ဆိုတာ သိနိုင်ပါတယ်။
လူတိုင်းသိနိုင်တဲ့ တစ်ယောက်က တစ်ယောက်ကို ချစ်မချစ်ဆုံးဖြတ်နိုင်တာတွေကတော့
ဂရုစိုက်မှု၊အလေးထားမှု၊ကြင်နာမှု၊သ၀န်တိုမှု၊နားလည်ပေးမှု၊လိုက်လျောမှု၊စိတ်ချမ်းသာမှု စတဲ့အချက်အလက်တွေကိုကြည့်ပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။သူက အရမ်းကိုလည်အရမ်းကိုတော်ပြီး လျှို့ဝှက်တတ်တဲ့သူ ဟန်ဆောင်တတ်တဲ့သူဆိုရင်တော့ လေ့လာရတာ ပိုပြီးခက်ပါလိမ့်မယ်။ကိုယ်ချစ်သူက ကိုယ့်ကိုချစ်မချစ်ဆိုတာ ကိုယ်သာလျှင်အသိဆုံးဖြစ်မှာပါ။တစ်ခုတော့သတိပေးချင်တယ်။ကိုယ့်ချစ်သူကိုသုံးသပ်
မယ့်အချိန်မှာ ကိုယ်က သူ့ကိုအရမ်းချစ်မိနေရင် အဲ့အချစ်စိတ်လေးကိုခဏဘေးဖယ်ထားပြီးတော့ ဝေဖန်သုံးသပ်
ပါ။တခါတလေ လူတစ်ယောက်ကိုချစ်မိတဲ့အခါ အပြစ်မမြင်နိုင်တာမျိုးရှိတတ်ပါတယ်။ရူးမိုက်တဲ့အချစ်မျိုးနဲ့ ချစ်မိနေတော့ သူရဲ့ကိုယ့်အပေါ်ထားတဲ့အချစ်ကို လေ့လာလို့မရနိုင်ဘူးဖြစ်တတ်ပါတယ်။
ကိုယ်ဘက်ကအရမ်းချစ်ရင် ပိုခံစားရတယ်ဆိုတာကတော့ဟုတ်ပါတယ်။
ကိုယ့်ချစ်သလိုသူကလည်းကို့ကိုချစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကတော့ နည်းလမ်းပေါင်းစုံသုံးရမှာဘဲလေ။ အခုလမင်းမေးတဲ့ အခြေအနေအရ လက်ရှိချစ်သူတွေဖြစ်နေပြီလို့ ယူဆလို့ရပါတယ်။အဲ့ဒီအတွက် လိုတာလေးတွေ ပြောပေးပါမယ်။ချစ်သူနဲ့ တွေ့တဲ့အချိန် ကိုယ်စိတ်ကို ထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ပြီးရင် ချစ်သူကို ကြည်နူးစရာလေးတွေ စိတ်ကျေနပ်စရာလေးတွေ ပေးပါ။ယောကျာ်းလေးတွေ နှစ်သက်တတ်တာပြောမယ်နော်။ချစ်သူယောကျာ်းလေးတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူက ကိုယ့်အပေါ်သ၀န်တိုတာခံချင်တယ်။အရမ်းတိုတာမဟုတ်ဘူးနော်။သင့်တင့်ရုံ သူ့အပေါ်မူတည်ပြီး တိုရမယ်။နောက်ပြီးတော့ ကိုယ်စကားပြောနေရင် ဂရုစိုက်ပြီးနားထောင်ပေးတာ လိုချင်တယ်။ဘယ်သူမဆို ကိုယ့်စိတ်သဘောအတိုင်း လိုက်နေပေးတဲ့မိန်းကလေးချစ်သူကို သဘောမကျတာမရှိပါဘူး။နောက် ကိုယ်စိတ်ညစ်နေတဲ့အချိန် အားပေးစကားပြောတာ ကိုယ့်ပြဿနာဖြစ်တဲ့အချိန် ဆွေးနွေးပေးတာ နောက် ကိုယ့်အပေါ်ဂရုစိုက်တာ ကြင်နာတာ စသဖြင့်ပေါ့နော် အဲလို လုပ်ပေးရင် ဘယ်ယောကျာ်းလေးကမှ မကြိုက်ဘဲမနေပါဘူး။အရမ်းတော့ မျက်စိနောက်အောင်ထိတော့မပိုနဲ့ပေါ့နော်။အခြေအနေကို ကြည့်ပြီး မိန်းမမာယာလေးသုံးပြီး သူကိုယ့်အပေါ် ပိုချစ်လာအောင်ကြိုးစားကြည့်ပါ။ကျွန်တော်အနေနဲ့တော့ ဒီလောက်ဘဲ ပြောပြတတ်ပါတယ်။
ချစ်သူနှစ်ဦး ပျော်ရွှ့င်စွာ သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
လူမှုရေး၊အချစ်ရေး၊အိမ်ထောင်ရေး၊စိတ်ညစ်စရာ အခက်အခဲ ပြဿနာတွေ အတွက် ဆွေးနွေးတိုင်ပင်သူ တစ်ယောက်လိုအပ်ရင်ဖြစ်ဖြစ် အကြံဥာဏ်ဖလှယ်လိုရင်ဖြစ်ဖြစ် doctorjokerlay@gmail.com ကို ဆက်သွယ်ပြီး အကူအညီရယူနိုင်ပါတယ်။