ကျွန်တော်တို့ firefox browser သုံးတဲ့သူတွေ ကိုယ်အသုံးများတဲ့ ဆိုဒ်ကို homepage အဖြစ်ထားထားတတ်ကြပါတယ်။ဒါမှ ဖွင့်လိုက်တာနဲ့ ကိုယ်ဖွင့်ချင်တဲ့ဆိုဒ်ကို အော်တိုဖွင့်ပြီးဖြစ်မှာပါ။တချို့ကျတော့ ကွန်ပျူတာစသုံးပီဆိုတာနဲ့ ဆိုဒ်သုံးလေးခုကို ပုံမှန်ဝင်လေ့ရှိတယ်။ဒီလိုလူတွေအတွက် ဆိုဒ်တွေကို save လုပ်ထားစရာလဲ မလို firefox ဖွင့်လိုက်တာနဲ့ homepage အဖြစ် ဆိုဒ်သုံးလေးခုကို တပြိုင်နက်ထဲဖွင့်ပေးမယ့်နည်းလေးတစ်ခုကို ပြောပြပေးမယ်နော်။
firefoxကိုဖွင့်ပါ။ပြီးရင် Tools>Options>General က when Firefox starts: Show my home page အောက်က Home Page : အကွက်လေးမှာ ကိုယ်ဖွင့်ချင်တဲ့ လင့်လေးတွေကို " | " လေးကြားမှာ ခံပြီး ရိုက်ထည့်ပေးရုံပါဘဲ။
http://www.google.com|http://www.facebook.com/|http://www.akyinnarnantaw.org/
ကဲ အခုဆိုရင် သူငယ်ချင်းတို့ ဖွင့်ချင်တဲ့ဆိုဒ်လေးတွေကို homepage တွေအဖြစ်အသုံးပြုနိုင်ပါပြီ။အဆင်ပြေပါစေ။