အဲ့ဒီ့ပန်းလေးနာမည်က မြန်မာအခေါ် ကြယ်ပြာပန်း ဖြစ်ပါတယ် .. အလေ့ကျပေါက်လေ့ရှိတဲ့ အပင်တစ်မျိုးဖြစ
်ပြီး အရိုင်းပန်းတွေထဲမှာ အလှဆုံးပန်းလို့ ထင်ရပါတယ် ..
အပွင့်သေးသေးနဲ့အရောင်ပြာပြာ ရှိတဲ့ ပန်းလေးပါ .. ချစ်ခြင်းမေတ္တာနဲ့ မျှော်လင့်ချက် ကို ကိုယ်စားပြုတဲ့ပန်းလို့ သတ်မှတ်ပြီး အဖွဲ့အစည်းအတော်များများရဲ့ သင်္ကေတအဖြစ် သုံးကြပါတယ် ..
မျိုးစိတ်ပေါင်း (၅၀)ခန့် ရှိပြီး Boraginaceae အနွယ်ဝင် ဖြစ်ပါတယ် .. များသောအားဖြင့် တွေ့ရလေ့ရှိတဲ့ အမျိုးအစားကတော့ alpine Forget-Me-Not လို့ခေါ်တဲ့ အပြာရောင်ပွင့်တဲ့ အပင်မျိုးဖြစ်ပါတယ် ..
အစုအဝေးနဲ့ပေါက်တတ်ပြီး ၁ပေထက် ပိုမရှည်ပါဘူး ... အပြာရောင်ပွင့်ချပ်တွေရဲ့အလယ်မှာ အ၀ါရောင်ဝတ်ဆံတွေနဲ့ ချစ်ဖို့ကောင်းလွန်းပါတယ် .. သူ့ရဲ့အပြာရောင်ကလည်း မိုးပြာရောင် ဖြစ်ပါတယ် ..
တစ်နှစ်ပတ်လုံးပွင့်တတ်ပြီး ဆောင်းဦးနဲ့နွေဦးမှာတော့ ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ပါတယ် .. ဘယ်လိုနေရာတွေမှာ ပေါက်လေ့ရှိလဲဆိုရင် အရိပ်လည်းရပြီး စိုထိုင်းတဲ့နေရာမျိုးမှာ အလေ့ကျပေါက်ရောက်လေ့ရှိပါတယ် ..
ဥပမာ .. သစ်တောဧရိယာ .. ဒါမှမဟုတ် နေရောင် စူးစူးဝါးဝါးမကျရောက်တဲ့ ချောင်းနံဘေးမျိုးပေါ့ .. ဥရောပ၊ အာရှ နဲ့ မြောက်အမေရိက တို့မှာ တွေ့ရပါတယ် .. တချို့မျိုးစိတ်တွေကတော့ နယူးဇီလန်မှာလည်း တွေ့နိုင်တယ်လို့ သိရပါတယ် ..
ပန်းတွေထဲကမှ အဲ့ဒီ့ပန်းကို ဘာလို့ပြောရလဲဆိုတော့ သူ့ရဲ့နာမည်ကြောင့်ပါ .. ဟုတ်တယ်လေ .. နော် .. သူ့ English နာမည်လေးက အင်မတန်တာသွားပါတယ် .. "Forget-Me-Not" တဲ့ .. လေ ..း) ..
ပန်းနာမည်လေးရဲ့သမိုင်းကိုလည်း ပြောပြထားပါသေးတယ် .. ပါးစပ်ရာဇ၀င်တွေအများကြီးထဲက တစ်ခုပေါ့ .. ဂျာမန်ဒဏ္ဍာရီတစ်ခုပါ ..
အပွင့်ကသေးသေးလေးနဲ့ နာမည်လည်းမရှိရှာတဲ့ ပန်းကလေးက နတ်ဘုရားကို တိုင်တည်ပြီး ငိုရှာပါတယ် .. "`ဘုရားသခင် .. ကျွန်တော်မျိုးကို မေ့လို့ထားတော် မမူပါနဲ့ပေါ့ .. (Forget me not, Lord)´"
အင်း .. သနားစဖွယ်လေးဖြစ်နေမယ်ထင်ပါတယ် .. နောက်ထပ်ပြီးတော့ ..
သူရဲကောင်းတစ်ယောက်ရဲ့ ဒဏ္ဍာရီလည်း ရှိပါသေးတယ် .. မြင်းစီးသူရဲကောင်းတစ်ယောက်ဟာ သူ့ရဲ့ချစ်သူအတွက် ပန်းတချို့ကို ရွေးပြီးခူးခဲ့ပါတယ် ..
ပြီးတော့ ချစ်သူနဲ့အတူ မြစ်တစ်လျှောက်လမ်းလျှောက်လာတဲ့အချိန်မှာ အမှတ်တမဲ့နဲ့ သူရဲကောင်းဟာ မြစ်ထဲကို ကျသွားခဲ့ပါတယ် .. သူ့ရဲ့လေးလံလှတဲ့ သံချပ်ကာဝတ်စုံနဲ့ သူကမ်းပေါ်ကို ပြန်တက်ဖို့ အခွင့်သာခဲ့ဟန် မတူပါဘူး ..
သူရဲကောင်းဟာ သူခူးယူခဲ့တဲ့ ပန်းပြာပြာလေးတွေကို ကမ်းပေါ်က ချစ်သူဆီလှမ်းပစ်ရင်း "`ငါ့ကို မမေ့လိုက်ပါနဲ့ .. (Forget-Me-Not)´"လို့ ငိုကြွေးပြောခဲ့တယ်လို့ ဖတ်လိုက်ရပါတယ် ..
အဲ့ဒီလိုနဲ့ ဥရောပအလယ်ခေတ်လောက်မှာ `Forget-Me-Not´ ဆိုတဲ့ နာမည်လေးတစ်ခု ရခဲ့ဟန်တူပါတယ် ..
Lady Chatterley ဟာ သူမရဲ့ချစ်သူ D.H. Lawrence အတွက် သစ္စာတရား ဒါ့အပြင် အချစ်စစ်အချစ်မှန် ဆိုတဲ့သဘောကို ကြယ်ပြာပန်းနဲ့ဖော်ကျူးခဲ့ပါသေးတယ် ..
အဲ့လိုနဲ့ ၁၅ရာစုလောက်မှာ ဂျာမနီနိုင်ငံကစတင်ပြီး ကိုယ့်ချစ်သူကို ဘယ်တော့မှမမေ့ဘူးဆိုတဲ့သဘောနဲ့ ချစ်သူတွေအကြားမှာ ကြယ်ပြာပန်းဟာ ရေပန်းစားလာခဲ့ပါတယ် ..
နောက်ပြီးတော့ ကြယ်ပြာပန်းကို အောက်မေ့ခြင်းအထိမ်းအမှတ်ပွဲတွေမှာလည်း အသုံးပြုကြပါတယ် ..
ှနှစ်စဉ် ဇူလိုင်လ ၁ရက်နေ့တိုင်း Canada နိုင်ငံ၊ Newfoundland မြို့မှာ ပထမကမ္ဘာစစ်အတွင်းက ကွဲကွာသွားတဲ့ မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ၊ ချစ်သူခင်သူတွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ပွဲမှာ ကြယ်ပြာပန်းကို အသုံးပြုလာကြပါတယ် ..
ဒါ့အပြင် ဒုတိယကမ္ဘာစစ်အတွင်း အထူးသဖြင့် Nazi တို့ ဖိနှိပ်မှုခံခဲ့ရတဲ့ Freemasonry အဖွဲ့အစည်းအတွက် အောက်မေ့ခြင်းသင်္ကေတ Masonic symbol အဖြစ် အသုံးပြုခဲ့ပါသေးတယ် ..
နောက်တစ်ခုအနေနဲ့ကတော့ ၁၉၄၉ခုနှစ်မှာ Alaska ပြည်နယ်ရဲ့ နိုင်ငံ့သင်္ကေတပန်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ် .. Malaysia နိုင်ငံမှာ hibicus လို့ခေါ်တဲ့ ခေါင်ရမ်းပန်းကို နိုင်ငံရဲ့သင်္ကေတ အဖြစ် အသုံးပြုသလိုပါပဲ ..
ဦးနှောက်မေ့မြောခြင်းတစ်မျိုးဖြစ်တဲ့ Alzheimer ဝေဒနာရှင်များအတွက် Forget-Me-Not ပန်းကို ဆုမွန်ကောင်းတောင်းခြင်းအတွက် သုံးခဲ့ကြပြီး Canada's Alzheimer Society က Forget-Me-Not ပန်းကို ဝေဒနာရှင်တွေအတွက် နိမိတ်ကောင်းအဖြစ် သတ်မှတ်ခဲ့ပါတယ် ..
မိသားစု၊ သူငယ်ချင်းတွေနဲ့ ချစ်သူခင်သူများအတွက် Forget-Me-Not Day ကို သတ်မှတ်ထားရှိပါတယ် .. အဲ့ဒီနေ့ကတော့ နှစ်စဉ် နိုဝင်ဘာ ၁၀ ရက်နေ့ဖြစ်တယ်လို့ သိရပါတယ် ..
အထူးသဖြင့်တော့ ခေတ္တခဏ ကွဲကွာနေကြရတဲ့ မိသားစု၊ ချစ်သူခင်သူများအတွက် ရည်ရွယ်ခဲ့ပါတယ် .. အဲ့ဒီ့နေ့လေးက ဘ၀ရဲ့ သက်ဝင်လှုပ်ရှားမှုကို အမှတ်တရရှိစေပါတယ် ..
ကိုယ်တို့နဲ့အတူရှိမနေနိုင်တဲ့ ကိုယ်တို့ချစ်တဲ့သူတွေအတွက် အဲ့ဒီ့နေ့မှာ ....
စကားလေးတစ်ခွန်းနဲ့ပဲဖြစ်ဖြစ် ..
စာလေးတစ်ကြောင်းနဲ့ပဲဖြစ်ဖြစ် ..
ဒါ့ထက်ပိုပြီး Forget-Me-Not ပန်းနဲ့ပဲဖြစ်ဖြစ် .. သတိတရရှိနေပါကြောင်းကို အသိပေးစေလိုတဲ့ ရည်ရွယ်ချက်လေး ဖြစ်ပါတယ် ..
popular ဖြစ်တဲ့နောက်ထပ် နည်းတစ်ခုကတော့ Forget-Me-Not ပန်း မျိုးစေ့လေးတွေ ပေးခြင်းပါပဲ ..
တကယ်လို့များပေါ့ ..
အပင်ရှာမရလို့ရှိရင်လည်း အဲ့ဒီပန်းပုံလေးတွေနဲ့ သော့ချိတ်၊ လည်ဆွဲ၊ ဖန်ပန်းအိုး စသဖြင့်ပေါ့နော် .. လက်ဆောင်ပေးစရာ ပစ္စည်းလေးတွေလည်း ရှိပါသေးတယ် ..
from friendyay.multiply.com