ဒီကဗျာလေးကို ကိုလင်းကိုငြိမ်းဆိုတဲ့သူမှ ပေးပို့ပေးတာဖြစ်ပါတယ်။နောက်လဲ ရေးသားချင်ရင် ပေးပို့နိုင်ပါတယ်ခင်ဗျာ။
ဆုတောင်း
တိတ်ဆိတ်တဲ့ညအခါ (11)နာရီသာသာလောက်မှာပေါ့
ကောင်းကင်ကိုမော့ကြည့်ရင်းအတိတ်ကို လည်ပြန်လွမ်းမိစဉ်
ကြယ်တစ်စင်းကြွေကျသွားတာမြင်လိုက်ရတယ်
ကြယ်ကြွေတုန်းဆုတောင်းရင်ပြည့်တယ်ဆိုတဲ့စကား
ဟိုး..ငယ်ငယ်လေးကတည်းကကျွန်တော်ကြားဖူးတယ်
အဲဒိစကားသာမှန်ခဲ့မယ်ဆိုရင်
ချစ်သူမျက်နှာချက်ချင်းမြင်ရပါလို၏ ..အရှင်ဘုရား...
(လင်းကိုငြိမ်း )