ကျွန်တော်အွန်လိုင်းမှာလျှောက်ကြည့်ရင်း ဒွေးမယ်လ်နော်(ဧကရီ)ဆိုဒ်မှာ ကျွန်တော်တို့နန်းတော်မှ ပို့စ်များကို ဘာအညွှန်းမှမပေးဘဲ တင်ထားတာကို တွေ့ရပါတယ်။အောက်မှာကြည့်ပါ။
ပုံထဲအတိုင်းကူးယူထားတာတွေ့ပါတယ်။ဆိုဒ်လိပ်စာတော့မပေးတော့ပါဘူး။စာတွေဖတ်ရင်းနဲ့ တချို့စာတွေက ယောကျာ်းလေးရေးတဲ့သဘောဖြစ်နေပါတယ်။အဲဒါကြောင့်ဒီဆိုဒ်က မဒွေးမယ်လ်နော်ကိုယ်တိုင်ရေးတာလား ဒါမှမဟုတ် ကိုလမ်းမဲ့ဆိုသူရေးတာလား သေချာမသိပါ။ဒါကြောင့် နန်းတော်မှပို့စ်များကို အများအကျိုးအတွက် ကူးယူဖော်ပြမယ်ဆိုပါက ခွင့်ပြုပါတယ်။ဒါပေမယ့် အညွှန်းလေးတော့ ပေးစေလိုပါတယ်။သူများစာပေများကို
လိုက်ကူးဖော်ပြပြီး ကိုယ်ပိုင်သလိုလုပ်ရင် မကောင်းပါဘူး။နန်းတော်အနေနဲ့ ရေးသားသောပို့စ်များအားလုံး အမှားအယွင်းရှိခဲ့သော် ကျွန်တော်တို့စာရေးသူများမှာသာ တာဝန်ရှိပါတယ်။အဲ့အတွက်လဲ တာဝန်ယူမှာပါ။
နောက်ဆုံးအနေနဲ့ မဒွေးမယ်လ်နော်ဆိုဒ်အနေဖြင့် ကူးယူဖော်ပြမယ်ဆိုရင်လဲ အညွှန်းထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။နောက်ပီး အကြင်နာနန်းတော်နဲ့ ထပ်မံမပတ်သတ်ရန် အကြံပြုပါတယ်။ယခုလို အတိအလင်းအသိပေးထားတဲ့ကြားက ထပ်မံပြီးပြုလုပ်နေပါက လှည်းတန်းဦးထွန်လင်းခြံလမ်းသို့ အိမ်တိုင်ရာရောက်လာပြီး ခင်ပွန်းနှင့်သားသမီးများကို လာရောက်တိုင်ကြားပါမည်။
နောက်တစ်ခုအနေနဲ့ အကြင်နာနန်းတော်မှ ယခင်အဖွဲ့ဝင်ဖြစ်သူ မဧကရီကို နန်းတော်အဖွဲ့မှ လူမှုရေးအရှုပ်အရှင်းများကြောင့် ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
အွန်လိုင်းတွင် ဟန်ဆောင်ခြင်းလိမ်ညာခြင်းမပြုလုပ်ကြပါနှင့်။