ဘာတင်ရမှန်းမသိတာနဲ့ ဦးဇင်းဆီကရတဲ့
အဖိုးတန်မေးလ်လေးပြန်လာတင်ပေးလိုက်ပါတယ်ဗျာ...
မင်းကြီးနဲ့ ကြင်ယာတော် မအော်ခင်ပေါ့ . :D
ဦးဇင်းကိုလည်း ဒီပို့စ်လေးတင်ရင်း ကျေးဇူးတင်ကြောင်း
ထပ်ဆင့်ရေးသားလိုက်ပါတယ်ခင်ဗျာ...
်
ဆောင်ပုဒ်လင်္ကာ နှင့် ဆုံးမစာများ
ဟုတ်သောအကြံ
မှန်သောအကျင့်
သင့်သောအယူ
ဖြူသောနှလုံး
သူတော်ထုံးကို
စွဲသုံးသောထွေမှန်လှစေ။
ဟူသော ဆရာတော်ရှင်မဟာရဌသာရ၏ အဆုံးမနှင့်အညီ
အားလုံးသော လူကြီး၊ လူငယ်၊ လူရွယ်တို့ လိုက်နာကျင့်သုံး
နိုင်စေရန် ရည်သန်လျက် ဤထင်ရှားသော ဆရတော်ကြီးများ၏
ဆောင်ပုဒ်လင်္ကာများနှင့် ဆုံးမစာများဖြစ်ကြပါသည်။
သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းအပ်ရင်၌ တည်စေသောဝ်……..
သားကောင်း သမီးကောင်း
မွေးရခြင်းအကျိုး
ကိုယ် သိမ်မွေ့ပါ၊ နှုတ် ချိုသာပါ၊ စိတ်က ဖြောင့်မတ်ပါ။
အရာရာမှာ ပထမ ဗဟုသုတရှိဖို့၊ ဒုတိယ သတိထားဖို့၊
တတိယ မှန်မမှန်စုံစမ်းဖို့၊ စတုတ္ထ၀ိရိယနှင့် အလုပ်လုပ်ဖို့ပဲ။
အောင်မြင်ကြောင်းတရား
မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင် စိတ်ကိုထား၊
ပြောပြုတွေ့ လျှင်၊ သတိယှဉ်၊ ဆင်ခြင်ဥာဏ်ရှေ့သွား၊
စိတ်ထားဖြောင့်မှန်၊ ခွင့်လွှတ်ရန်၊ သည်းခံမေတ္တာထား၊
လုံလနှင့်ဇွဲ၊ မလျှော့ဘဲ၊ အမြဲတင်းတင်းထား၊
အရာရာတွင် ၊ အသုံးဝင်၊ အောင်မြင်ကြောင်းတရား။
မေတ္တာကိုသုံး အရှံးမရှိ
သူတစ်ဖက်သား၊ မျက်မာန်ပွားသော်၊
တရားမကွာ၊ ထိန်းစောင့်ကာဖြင့်၊
မေတ္တာနှလုံး၊ ကိုယ်ကသုံးလျှင်၊
အရှုံးဘယ်မှာ ရှိချိမ့်နည်။
ယဉ်ကျေးပါ
လူကြီးရှေ့မှာ၊ ထိုင်ထရာ၊ လိမ္မာယဉ်ကျေးပါ၊
လူကြီးရှေ့မှာ၊ သွားသောခါ၊ မူရာယဉ်ကျေးပါ၊
လူကြီးရှေ့မှာ၊ ပြေားသေားအခါ၊ ချိုသာယဉ်ကျေးပါ၊
ကြီးငယ်တကာ၊ ဆက်ဆံရာ၊ ပျူငှါယဉ်ကျေးပါ၊
အစားအစာ၊ စားသောအခါ၊ လွန်စွာသိမ်မွေ့ပါ။
လူရေးလူစ မတုံးစေနှင့်
သန်လျက်ဖြစ်ငြား၊ မသွေးထားသော်၊ ချင့်ဓားလိုခါမတုံးလား။
ဓမ္မသတ်တရား၊ မသင်ကြားသော်၊ စကားဆိုခါမရှုံးလား။
ငယ်က ပျော်လွန်း၊ ကျမ်းဂန်တရား၊ မသင်ငြားသော် ၊
မင်းပါးစီုးခွင်၊ မ၀င်နိုင်ဘဲ၊ ဆင်ရဲဖန်တောင်း၊ မကောင်သက်မွေး၊
မယဉ်ကျေးသည်၊ လူရေးလူစ မတုန်းလား။
အရိပ်တရား
ကိုယ်ပြုကာယကံ၊ ကိုယ်ဆီပြန်၊ အမှန်ကြုံရမြဲ
ကိုယ်ပြု ၀စီကံ၊ ကိုယ်ဆီပြန်၊ အမှန်ကြုံရမြဲ
ကိုယ်ပြု မနောကံ၊ ကိုယ်ဆီပြန်၊ အမှန်ကြုံရမြဲ
ကိုယ့်အားကိုယ်ကိုး
ကိစ္စဟူက၊ လုံးဝဥဿုံ၊
ကိုယ်တိုင်ထကြွ၊ ပြုမှပြည့်စုံ
သူများအားကိုး၊ ကိုယ်ကျိုးယုတ်ပုံ၊
ဥာဏ်ဖြင့်ကြည့်၊ များ၏ ဤလူ့ဘုံ။
ချမ်းသာတရား အင်္ဂါံလေးပါး
ထကြွသိမ်းဆည်း၊ သုံးစွဲချွေတာ၊
မိတ်ဆွေကောင်းနှင့် ပေါင်းသင်းကြပါ၊
အင်္ဂါံလေးပါး၊ ပြည့်ငြားသူမှာ၊
ဤဘ၀မုချ ချမ်းသာရာ။
မြတ်မနော
သူ့ကို ချီးမြှောက်၊ ဂုဏ်ရောင်မြောက်၏၊
ယွင်းဘောက်အလို၊ ၀န်မတိုနှင့်၊
သူ့ကို ဂုဏ်နှိမ့်၊ ကိုဂုဏ်နှိမ့်၏၊
စည်းစိမ်အရာ၊ သူ့ချမ်းသာ၌၊
ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့၊
သူ့ကိုစောင့်မှ၊ သူကကိုယ့်ကို၊
ကြည်ညိုမေတ္တာ၊ စေင့်နိုင်ရာ၏။
မေတ္တာအကျိုး
အေးစေမြစေ၊ မေတ္တာရေ၊ သုံးလေရပ်ရွာလုံး။
မွှေးကြိုင်ပျံ့နှံ့၊ မေတ္တာနှံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတိုင်းရှုံး။
ကိုယ်စီဆင့်မြန်း၊ မေတ္တာပန်း၊ ရွှင်လန်းချိုပြုံးပြုံး။
စတ်ထာမြင့်မြတ်၊ မေတ္တာဓာတ်၊ လူနတ်အချစ်ဆုံး။
တရာပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်များမုန်း။
တဦးမေတ္တာ တဦးမှာ၊ ရှည်ကြာရွံမမုန်း။
နှစ်ရွာတစ်ရွာ၊ ဆက်ဆံရာ၊ မေတ္တာလိုရင်းသုံး။
မိတ်ဆွေချင်းသာ၊ ပေါင်းသင်းရာ၊ မေတ္တာအမြတ်ဆုံး။
ဆရာ့ဝန်တာ၊ ဆုံးမပါ၊ မေတ္တာစိတ်နှလုံး။
နိဗ္ဗာန်လမ်းစ
ရတနာသုံးရပ်၊ မြဆည်းကပ်၊ မလပ်စေရာဘူး။
ပရိတ်မိတ္တာ၊ ဘာဝနာ၊ လေ့လာကြံစိတ်ကူး။
ဝတ်တက်ဝတ်ကပ်၊ ကြေးစေခတ်၊ ရွာရတ်ဂုဏ်ပြန့်ပြူး။
သာဓုခေါ်သံ၊ တညံညံ၊ နတ်ထံကျော်လွန်ကျူး။
သက်ရွယ်မရွေး၊ ပညာရေး၊ မြတ်လေးဆွတ်ယူခူး။
သီလမြဲစေ၊ အသုံးချွေ၊ ရှာဖွေစုဆည်းပူး။
ဗြဟ္မစိုရ်သုံး၊ ညီစည်းလုံး၊လွတ်ရုံးရှောင်အထူး။
မာနကိုကြင်၊ မျိုးနွယ်စဉ်၊ ချစ်ခင်စောင့်ရှောက်ဦး။
ဒုစရိုက်မုန်း၊ သူ(သုစရိုက်)ကိုသုံး၊ နှလုံးရွှင်ကြည်နူး။
နိဗ္ဗာန်လမ်းစ၊ ဖော်ညွန်းပြ၊ နေ့ညမေ့သင့်ဘူး။
လူမှုကျင့်ဝတ်
အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှုတ်ဆက်၊
ဖက်၍မဆို၊ ရိုသေလှစေ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊
မိဘကဲ့သို့မှတ်ပါလေ။
သေတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊
အခင်ကြီးငယ်၊ ရှိဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍ ရုန်းကြလေ။
တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊
သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ၊
မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့် မျက်မာန်ဒေါသ၊ မထွက်ရအောင်၊
မာန်မာနကို ချုပ်ကြလေ။
သေနှင့်အရက်၊ စီးပွါးဖျက်ကို၊ တစ်စက်ကယ်မှု၊ မသောက်ကြနှင့်၊
ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ။
ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ
ဖြူသော နှလုံး၊ သူတော်ထုံးကို စွဲသုံးသောထွေ၊ မှန်လှစေ။
မန်မာနထား မှာမည်သာ
ဆရာကောင်းထံ၊ နည်းမခံ၊ ဂုဏ်မာန်တတင်းတင်း။
နည်းယူတဖန်၊ ခံတုံပြန်၊ အတန်းငယ်မျှ နည်းရလျှင်။
ဒေဝဒတ်သွင်၊ ဆရာရှင်၊ ဘက်ပြိုင်အင်တု လွတ်အောင်ကွင်း။
ဝိဒေဟသခင်၊တိုင်းကြီးရှင်၊ ပုတ်သင်ပြိုင်ဟု ပြောင်တင်းတင်း။
မိဘသခင်၊ ဆရာရှင်၊ ဂုဏ်ပြိုင်ချင်၍ တငင်းငင်း။
ယင်းသို့ ပြုမှား၊ လူငနွား၊ အားလုံးဝိုင်း၍ နင်းလိမ့်သော်။
လူမိုက်
ကောင်းဆုံးနှစ်ပါး၊ မသိငြား၊ မှတ်သားလူမိုက်ပါ
ဒုစရိုက်ဆယ်ပါး၊ ကျုးလွန်ငြား၊ မှတ်သားလူမိုက်ပါ
နှစ်ဘက်စုံကန်း၊ တစ်ဘက်ကန်း၊ မှတ်စမ်းလူမိုက်သာ။
လူမိုက်ကို ရှောင်ကြည်
လူမိုက်ကိုလျှင်၊ ချစ်ကျွမ်းဝင်၊ ကိုယ်လျှင် မိုက်မည်သာ
အမဲသားပုတ်၊ ပုဝါထုပ်၊ နှိုင်းလုပ်ပုံပမာ
ထိုကြောင့်မှတ်ထိုက်၊ လူအမိုက်၊ မလိုက်ရှောင်ကြည်ခွါ။
ပညာရှိ
ကျိုးကြောင်းထင်မြင်၊ ဆိုးကောင်းမြင်၊ အစဉ်ဥာဏ်ရှိစွာ
သုံးပါသူစရိ၊ ပြုလေ့ရှိ၊ ခေါ်ဘိပဏ္ဍိတ
ဥာဏ်ရောင်ဝင်းတောက်၊ အလင်းရောက်၊ အမောက်ပဏ္ဍိတ။
ပညာရှိကိုပေါင်း
ပညာရှိအား၊ ပေါင်းဖက်ငြား၊ တပါးမင်္ဂံလာ
ဆန်းလပမာ၊ သာထက်သာ၊ လွန်စွာကျိုးများစွာ
ပညာရှင်ပေါင်း၊ အကြောင်းကြောင်း၊ အကောင်းကူးတတ်စွာ
ပန်းပေါင်းထပ်ရေး၊ ဝတ်ထည်မွှေး၊ ရှုထွေးတုယူရာ
ပညာရှိထံ၊ ဆုံးမခံ၊ နိယံဆည်းကပ်ပါ
ပညာရှင်ကြီး၊ အသီးသီး၊ မှိလေဥပမာ
ယခုတမလွန်၊ တန်ခိုးဝှန်၊ မိုးစွန်ထက်ဝဠာ
လူနတ်နိဗာန်၊ မြတ်သုံးတန်၊ အမှန်ရမြဲသာ
ထိုကြောင်းသာလျှင်၊ ပညာရှင်၊ ခင်မင်ဆည်းကပ်ပါ။
စကားပြေားရာ ဆင်ခြင်ရာ
ခြသေ့င်္ံလိုလည်း မဟောက်နှင့်
ယုန်လိုလည်း မကြောက်နှင့်
မြစ်လိုလည်း မကောက်နှင့်
တောင်လိုလည်း မမောက်နှင့်
တွင်းလိုလည်း မစောက်နှင့်
မသင်ဘဲ မတတ်ချင်နဲ့
မကျင့်ဘဲ မမြတ်ချင်နဲ့၊ မသင်ဘဲ မတတ်ချင်နဲ့
မလုပ်ဘဲ မရချင်နဲ့၊ မဟုတ်ဘဲ မဟချင်နဲ့
မဆင်ဘဲ မလှချင်နဲ့၊ မကြင်ဘဲ မရချင်နဲ့
မသိဘဲ မဝါချင်နဲ့၊ မရှိဘဲ မကြွားချင်နဲ့
မခေါ်ဘဲ မလည်ချင်နဲ့၊ မတော်ဘဲ မဝယ်ချင်နဲ့
ဉာဏ်ယှဉ်ကြိုးစားကြ
လောကီမှုကို အောင်စေလို၊ ကံကိုမချရ
ကံကိုချလျင် မအောင်မြင်၊ ဉာဏ်ယှဉ်ကြိုးစားကြ
နိဗ္ဗာန်ရွှေပြည် ရောက်ခဲသည်၊ ပါရမီမချရ
ပါရမီချလျင် ဝဋ်ထဲတွင်၊ ပူပင်ဆင်ရဲရ။
အမြတ်ဆုံး သူတော်ကောင်း
သူတော်ကောင်း၊ သူတော်ကောင်း
သူမတော်လည်း၊ ကိုယ်ကကောင်း
ဒါမှသူတော်ကောင်း
သူတော်ကောင်းလေး ဖြစ်စေချင်
စိတ်ထားလှဘို့ပြင်
နေ့စဉ်လစဉ် ခန္တီသုံး
ဒါမှအမြတ်ဆုံး
ချစ်ဖွယ်ပီယဆေး
ချစ်စေလျင်၊ ဒါနယှဉ်၊ မြဲပင်ချစ်ဆေးပဲ
နှမြေားခြင်း၊ မုန်ဆေးပါ၊ ရှောင်ခွါနေကြကွဲ့
ဒါနအလှူ၊ များဗိုလ်လု၊ ကြည်ဖြုချစ်ဆေးပဲ
နှမြေားနေတာ၊ မလှူတာ၊ အဲဒါအထီးကျန်ဆေး
အချစ်ဆေးကား၊ သောက်လိုငြား၊ ပြုထားဒါနကွယ့်
အမုန်းဆေးကို၊ သွန်ပိုက်လို၊ ဝန်တိုမပြုနဲ့။
လေားကဓမ္မဆုံးမစာ
မူးယစ်သောက်စား၊ လူရမ်းကား၊ လားလားရှောင်ကြည်ပါ
နှုတ်ထွက်စကား၊ ကြားသူခါး၊ လားလားရှောင်ကြည်ပါ
ဒေါသရှေ့ထား၊ ခိုက်ရန်ပွါး၊ လားလားရှောင်ကြည်ပါ
ပျော်ရွှင်လိုက်စား၊ ခါမဲသွား၊ လားလားရှောင်ကြည်ပါ
မကောင်းမိတ်ထား၊ လောင်းကစား၊ လားလားရှောင်ကြည်ပါ
ပျင်းရိစိတ်ထား၊ အိပ်ကာစား၊ လားလားရှောင်ကြည်ပါ
ကလေးကလား၊ နေထိုင်သွား၊ လားလားရှောင်ကြည်ပါ
သူ့စည်းကမ်းအား၊ ပယ်ရှောင်ရှား၊ လားလားရှောင်ကြည်ပါ
မိသားစုအား၊ ဂုဏ်ပျက်ပြား၊ လားလားရှောင်ကြည်ပါ
ပတ်ဝန်းကျင်အား၊ ဂုဏ်ပျက်ပြား၊ လားလားရှောင်ကြည်ပါ
ဆုံးမစကား၊ ဤဆယ်ပါး၊ မှတ်သားလိုက်ပါ
သံပေါက်စာစဉ်၊ ထပ်ပန်ဆင်၊ ထေရ်ရှင်ရေးမိန်းမှ။
ကိုယ့်ကိုပြင်ရန် အဓိဋ္ဌါန်
နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စည်ရှိခိုးမယ်
အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်
မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ အစည်မေတ္တာပွါးပါမယ်
သစ်ရင်းသစ်ရင်း၊ လျှော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါမယ်
တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်
ပြိုင်မည့်အစား၊ မေတ္တားပွါး၊ စိတ်ထားပြုပြင် ပြောင်းပါမယ်
ကိုယ့်အောက်တွေ့လျှင်၊ ကရုဏာဝင်၊ မဝင်နိုင်ကနိုင်တတ်တယ်
နိုင်မည့်အစား၊ ဂရုဏာပွါး၊စိတ်ထားပြုပြင် ပြောင်းပါမယ်
ကိုယ့်ထက်သာလျှင်၊ မုဒိတာဝင်၊ မဝင်ဣဿာ၊ယိုင်တတ်တယ်
ယိုင်မည့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်ပါမယ်
လျစ်လျူရှုလျင်၊ ဉပေက္ခာဝင်၊ မဝင်နိုင်ကပြိုင်တတ်တယ်
ပြိုင်မည့်အစား၊ ဉပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်။
ရုပ်ကိုလည်းပြင်၊ စိတ်ကိုလည်းပြင်၊ ဆင်ခြင်တိုင်းရ၊ ပြုတိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
ချမ်းသာစေကြောင်းတရားများ
ထကြွလုံးလ၊ ဝီရိယ၊ ရှိမှချမ်းသာမည်
သတိတရား၊ အောက်မေ့ထား၊ မှတ်သားချမ်းသာမည်
အမှုစင်ကြယ်၊ ရှိသူဝယ်၊ မှတ်တွယ်ချမ်းသာမည်
ဉာဏ်ပဋ္ဋိဘာန်၊ စူးစမ်းပြန်၊ ဧကန်ချမ်းမည်
ကိုယ်နုတ်သုံးပါ၊ စောင့်စည်းငြား၊ ကြီးပွါးချမ်းသာမည်
တရားနည်းကျ၊ မွေးမြူမှ၊ မုချချမ်းသာမည်
ဤတရားခြောက်ပါး၊ လက်ကိုင်ထား၊ မှန်ငြားကြီးပွါးမည်။
သည်းခံစိတ်ထား အကျိုးများ
သည်းခံတရား၊ အမြဲထား၊ အများချစ်ခင်မေတ္တာဝင်
သည်းခံတရား၊ အမြဲထား၊ အများချစ်လို၊ ကြင်နာပို
သည်းခံတရား၊ အမြဲထား၊ သေငြားတွေဝေ၊ မရှိချေ
သည်းခံတရား၊ အမြဲထား၊ သေသွားပြီးနောက်၊ နတ်ပြည်ရောက်
သည်းခံတရား၊ အမြဲထား၊ ငါးပါးအကျိုးပြည့်စုံဘို့။
ရခဲငါးဖြာ
အသက်ရှည်ကြား၊ နေဘို့ရား၊ လွန်စွာရခဲသည်
အဆင်းရူပါ၊ လှဘို့ရာ၊ လွန်စွာရခဲသည်
ကိုယ်စိတ်ချမ်းသာ၊ နေဘို့ရာ၊ လွန်စွာရခဲသည်
ခြံရံများစွာ၊ ရှိဘို့ရာ၊ လွန်စွာရခဲသည်
နတ်ပြည်နတ်ရွာ၊ ရောက်ဘို့ရာ၊ လွန်စွာ့ရခဲသည်
ခဲယဉ်ငါးဖြာ၊ ရဘို့ရာ၊ ဘဂဝါမှာကြားသည်
ကုသိုလ်ငါးဖြာ၊ ဆုတောင်းပါ၊ လျင်စွာရနိုင်၏။
လူမှုရေရာ သိတတ်ပါ
နေ့ညချင်းနှိုင်း၊ ကာလပိုင်း၊ ပျော်တိုင်းမအိပ်နဲ့
အရေးချင့်နှိုင်း၊ ခြားနားပိုင်း၊ သိတိုင်းမပြေားနဲ့
ဆင်ခြင်တွေးတော၊ လူသဘော၊ ပြေားတိုင်းမယုံနဲ့
လျှို့ဝှက်သင့်ငြား၊ သူတပါး၊ အားလုံးမပုံနဲ့
သူတပါးကို၊ အမျက်သို၊ ပြင်ကိုမတွက်နဲ့
စကားပြေားဆို၊ မှန်ကင်းလို၊ ကိုယ်ကိုမမြှောက်နဲ့
သူများချီးမြှောက်၊ စိတ်ကြီးရောက်၊ မမြောက်မကြွနဲ့
အာရုံငါးဖြာ၊ သွေးဆောင်ရာ၊ အာသာမမက်နဲ့
မကျင့်မမှား၊ စည်ဆိုထား၊ တရားမလွန်နဲ့
အရမ်းမော်ကား၊ နှုတ်ထွက်ကြွား၊ စကားမကျွန်နံ့။
ချစ်ဖွယ်ပီယဆေး
ချစ်စေလျှင်၊ ဒါနယှဉ်၊ မြဲပင်ချစ်ဆေးပဲ
နှမြေားခြင်ဟာ၊ မုန်းဆေးပါ၊ ရှောင်ခွါနေကြကွဲ့
ဒါနအလှူ၊ များဗိုလ်လူ၊ ကြည်ဖြူချင်ဆေးပဲ
နှမြေားနေတာ၊ မလှူဒါ၊ အဲဒါအထိကျန်အပဲ
အချစဆေးကား၊ သောက်လိုငြား၊ ပြုထားကွယ့်
အမုန်ဆေးကို၊ သွန်ပိုက်လို၊ ဝန်တိုမပြုနဲ့
သတိရှိကြဤလုံးဝ
ခွင့်ရေးရလို၊ လောဘအို၊ ငါ့ကိုယ် မဖြစ်ပါစေသော်
ဖျက်စီရန်လို၊ ဒေါသအို၊ ငါ့ကိုယ် မဖြစ်ပါစေသော်
မသိကဲပို၊ မောဟအို၊ ငါ့ကိုယ် မဖြစ်ပါစေသော်
လောဘနှင့်သေ၊ ငရဲပြေ(ပြည်)၊ ရောက်လေ ဧကန်မှတ်
သို့မဖြစ်အောင်၊ သတိဆောင်၊ မောာင်မေရွှေဥာဏ်ကပ်။
ချမ်းသာတရား (၁၂) ပါး
ကိစ္စကြုံလျှင်၊ မိတ်ကောင်းယုဉ် ကြည်ရွှင်ချမ်သာသည်။
ရှိသမျှနှင့်ပင်၊ ကျေနပ်လျှင်၊ ကြည်ရွှင်ချမ်းသာသည်။
သေချိန်နီလျှင်၊ ကောင်းမှုယှဉ်၊ ကြည်ရွှင်ချမ်းသာသည်။
ဒုက္ခကင်းစင်၊ စွန့်ပယ်လျှင်၊ ကြည်ရွှင်ချမ်သာသည်။
မွေးမေမိခင်၊ လုပ်ကျေးလျှင်၊ ကြည်ရွှင်ချမ်းသာသည်။
မွေးဖေဖခင်၊ လုပ်ကျေးလျှင်၊ ကြည်ရွှင်ချမ်းသာသည်။
ရဟန်းတော်ရှင်၊ စောင့်ရှောက်လျှင်၊ ကြည်ရွှင်ချမ်းသာသည်။
အရိယာရှင်၊ စောင့်ရှောက်လျှင်၊ ကြည်ရွှင်ချမ်းသာသည်။
အိုသညထိပင်၊ င်္သီလစင်၊ ကြည်ရွှင်ချမ်းသာသည်။
သဒ္ဒါကြည်လင်၊ စွဲမှိလျှင်၊ ကြည်ရွှင်ချမ်းသာသည်။
ပညာစုံလင်၊ ရရှိလျှင်၊ ကြည်ရွှင်ချမ်သာသည်။
မကောင်းမှုကြဉ်၊ မပြုလျှင်၊ ကြည်ရွှင်ချမ်းသာသည။
ချမ်သာတရာ၊ ၁၂ ပါး၊ မှတ်သားလိုက်နာသည်။
လိုက်နာကျင့်လျှင်၊ ဆင်းရဲစင်၊ ကြည်ရွှင်ချမ်သာသည်။
ရုံးရုံးကျင့်မြင့်မြင့်ကြံ
ရုံးရုံးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်ပြေား၊ စေားစေားထ၊
လှလှနေ၊ ချွေတာသုံး၊ မြတ်ကြတသက်လုံး
သင့်အေင်ပေါင်း၊ ကောင်အောင်နေ၊ လူကြီးရုံသေ၊ တာဝန်ကျေ။
ပူဇော်ထိုက်သူများ
ပူဇော်ထိုက်သူ၊ ပူဇော်မူ၊ များလူသိ၍ထား
မိဘဥာတကာ၊ သားချင်းမှာ၊ သက်ဝါကြီးသူများ
ကျေးဇူသခင်၊ ဆရာရှင်၊ တွင်တွင် ပူဇော်ထား
ရတနာသုံးပါး၊ အထွတ်ထား၊ ညွတ်ထွားပူဇော်သွား
ရှိခိုးပူဇော်၊ အထူးနော်၊ ပူဇော်ရှိညွတ်တွား
ပန်းမာလ်ဆီမီး၊ အသီးသီး၊ ကြီးငယ်ပူဇော်ပွါး
စွမ်းအားသမျှ၊ သဒ္ဓါကြွ၊ ဒါနပြုကပ်ထား
အာမိသပူဇာ၊ ဖြူသဒ္ဓါ၊ မကွာမြဲမှတ်သား
သရဏဂုံသီလ၊ ကျင့်ဓမ္မ၊ မြဲထစိတ်မှာထား
ပူဇော်ထိုက်သူ ပူဇော်သူ၊ ကြီးသူဂုဏ်ဆပွါး။
အသိအမြင်များပါစေ
အကြာအမြင်များလေလျှင်၊ လူခွင်ကျိုးများစွာ
အပြစ်မလွမ်း လောကီကျမ်း၊ ကြိုးပမ်းသင်ယူရာ
ဆိုးကောင်းမြင်သိ၊ တရားရှိ၊ သိအောင်ကြိုးစာရာ
ကဝိတဆူ ဖြစ်လိုမှု၊ ဗဟုသိပ္ပ ရှာမှီးရ
ပညာရှိသူ၊ ထိုသသူ၊ နတ်လူဌာနကျော်လေစွ
သိပ္ပ ပညာ၊ မတတ်စွာ၊ မဟာဒုက္ခကြီးစွာရ။
အတတ်ပညာ တတ်ပါစေ
တတ်အပ်သမျှ၊မြတ်လေစွ၊ သိပ္ပမင်္ဂလာသော်
အပြစ်မတက်၊ အချက်ချက်၊ လက်မှုတတ်ပါသော်
အသက်မွေးကြောင်း၊ အရေကောင်း၊ အပေါင်းတတ်စေနော်
သမ္မာအာဇီဝ၊ အညီမျှ၊ သီလမြဲဘို့နော်
ပညာရေရင့်၊ ပွဲလယ်တင့်၊ င်္ကြီးမြင့် အသရေပျော်။
ဤမိဘမျိုး အမြဲရှိခီုးပါ
လုံးစုံအကျိုးဆင့်၊ တိုးမြဲရှည်၊
လောကီလောကုတ် မယုတ်ပွါးမည်။
ကိုယ်နုတ်စိတ်တွင်း ထင်လင်းဥာဏ်ရှည်၊
စာကပေးမြတ်လေး စွဲယုံကြည်။
စာအကျိုးကား များပြားလှပေ၊
နိဗ္ဗာန်ရောက်ကြောင်း လမ်းကြောင်းအခြေ။
အမျိုးကောင်းသာ မှတ်သားမိစေ၊
စာသင်ခြင်း လက်ငင်း ဂုဏ်သရေ။
ကျောင်းတော်သားများ စိတ်အားပျော်ရွှင်၊
ပညာစာပွဲ ဆင်နွှဲသဘင်။
ဒိဋ္ဌမျက်မှောက် ကျိုးရောက်ဂုဏ်ထင်၊
ဥာဏ်ရှုစား တရားဖြေင့်မှန်မြင်။
မိဘသခင်၊ ကျေးဇူရှင်၊ စာသင်ခွင့်ပြုရှာ။
ဆယ်ပြန်အသက်၊ ကျေးဇူးမြွက်၊ ပေးဆက်မကျေပါ။
သည်မိဘမျိုး၊ လွန်မြတ်နိုး၊ ရှိခိုးဖန်ခါခါ။
လူမှုဆက်ဆံရေးတရား(၃)ပါး
ပညာချင်းထောက် မာန်မမောက်နှင့်၊
ကိုယ့်အောက်တန်းတူ အထက်လူဟု၊
မှတ်ယူမြဲသို့ သုံးပုဂ္ဂိုလ်တွင်၊
အောက်ကိုသနား တန်းတူအားမူ၊
မြှောက်စားသမျှ မရှုတ်ချနှင့်၊
ထက်ကသူကို ရိုသေရ၏။
ပညာမဲ့သူ၏ သဘောလက္ခဏာ
မရှိပညာ၊ ဤလုရွာ၌၊ ကျမ်းစာနီတိ တတ်မသိက၊
မျက်စိကန်း လူဖြစ်ဆန်းမျှ၊
ပေါကပန်းပမာ မှတ်တို့ရ၏၊
မနာတရား မောဟအားဖြင့်၊
မနာတရား မောဟအားဖြင့်၊
မများသုတ မိုက်ဝါဒနှင့်၊
မရသတိ လူဒိဋ္ဌိတို့၊
ရမိရရာ ဝဋ်ချမ်းသာကို၊
လွန်စွာခင်မင် အမြဲတင်ရာ၊
ဆင်ခြင်မညှာ ပြုတတ်စွာ၏။