အချစ်ဆိုတာ ဖြစ်တည်တဲ့ခဏလေးမှာ
အလွမ်းတွေနဲ့ ခပ်ဆွေးဆွေ ညီးတွားပါရစေလား။
သံယောဇဉ်အချစ်လမ်းကြားထဲမှာ မောင်ရယ် မရယ် တူတူရှိစဉ်တိုင်း
တစ်ယောက်ကို တစ်ယောက်က
သတိရတဲ့အခါ အမြဲပြောနေကြစကားလေး။
မကိုမောင်ခွဲနိုင်ဘူးတဲ့လေ။
အဲ...ချိန်များ မရင်ထဲမှ ကြယ်ကြွေတာလေးမြင်လည်းဆုတောင်းမိမှာပါ။
မောင်နဲ့ မတစ်သက်မခွဲပါရစေနဲ့လို့။
တကယ်ဆို..မဆိုတဲ့ မောင်ချစ်တဲ့သူတစ်ယောက်ဟာ
အချစ်နိရာမတွေ နဲ့ မိုးသားတိမ်တိုက်တွေကြားက
ဟိုးးးးးးးအဝေးခပ်ဆွေးဆွေး အလွမ်းပန်းချီတွေထက်မှာခြေရာမထင်သော
လမ်းတစ်စုံထက်ကနေ လျှောက်လှမ်းနေတဲ့သူပါမောင်။
လေနှင်ရာလွှင့်နေတဲ့ ရော်ရွက်ဝါလေးပါမောင်......
နှလုံးသားကျမ်းစာထက်မှာ ကမည်းထိုးခဲ့ချင်ပါတယ်မောင်။
ရုပ်ဓါတ် နာမ်ပါဝါ ဓါတ်ပန်းချီတွေ နဲ့ သွေးအက္ခရာ လေးဖြစ်အောင်
ကျမ်းကျိန်ကာ ပြောရဲပါတယ်မောင်။
မ မောင့်ကိုချစ်တာ ဖြူစင်ပါတယ်လို့လေ။
မရေရာတဲ့ ခြေရာတစ်စုံ နဲ့ မောင့်ဘ၀ထဲမှာ ရုပ်လုံးပြ
ကျောက်ပန်းချီအလား မ နေနေမိတာ အားနာလှပါပြီ။
လေနှင်ရာသိမ်း ယိမ်းနွဲ့ တာမဟုတ်ပါဘူး
သွေဖယ်လို့ မတိမ်းခင်..မောင်ဖြေဆယ်ရာရအောင်ပေါ့။
ချစ်ဆုံးရယ်..နုတ်ဆက်ခြင်းနဲ့ လမ်းမခွဲချင်ပါဘူး။
မ မောင့်ဘ၀ထဲက တိတ်တိတ်လေးမှ တကယ့်ကို
တိတ်တိတ်လေး ထွက်သွားချင်လှပါရဲ့။
အဲဒါမောင့်ကို ချစ်လွန်းလို့ပါမောင်။
***ဧကရီ***