ဒီနေ့လေး 21.2,2011..မှာ ကျရောက်တဲ့ မ..ချစ်တဲ့ ချစ်သူ့မောင်
ဧကရာဇ်ရဲ့ နှစ်ဆယ်သုံးနှစ်ပြည့် မွေးနေ့လေးမှာ...ချစ်သူ့မောင် တစ်ယောက်.
ပျော်ရွှင်တဲ့ မွေးနေ့လေးဖြစ်ပါစေ လို့..ဧကရီ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..
ဒီနေ့ကစပြီး စိတ်သစ်လူသစ်နဲ့ သာသနာ့အကျိုး တိုင်းပြည်လူမျိုးနဲ့ မိဘဆွေမျိုးအကျိုးတွေကို
သိတတ်လိမ္မာ ယဉ်ကျေး သိမ့်မွေ့စွာနဲ့ ယခင်ကထက်..ဆထက်သယ်ပိုးဆောင်ရွက်နိုင်တဲ့ နိုင်ငံ
သားကောင်းရတနာ တစ်ယောက်ဖြစ်ပါစေ။
ဒီအကြင်နာနန်းတော် ဆိုက်ဒ်လေးတည်တန့်နေသရွေ့ကာလာပတ်လုံး ကိုယ်သိသမျှ ပညာဒါန ဗဟုသုတ လေးတွေကိုလည်း ကိုယ်ကျိုးမပါ စေတနာရှေ့ထားပြီး ဆထက် မျှဝေသွားနိုင်ပါစေလို့ မောင့်ကိုချစ်တဲ့
ဧကရီ ဆုတောင်းပေးလိုက်ပါတယ်နော်။
မွေးနေ့ပေါင်း ၁၂၀ ထိရှည်စေသော်........:D
***ဧကရီ***
ခင်မင်လေးစားအပ်တဲ့ သူငယ်ချင်းတွေအတွက်..အကြင်နာနန်းတော်လေးကို အလည်လာတဲ့ အချိန်လေး ကိုဧကရာဇ်မွေးနေ့လေး ကို ဧကရီ နဲ့ တူတူ ကိုဧကရာဇ်အတွက် မွေးနေ့ဆုတောင်း ကြရအောင်နော်..