လန်ဒန် ဖူဟန်မှာရှိတဲ့ နီပေါအစားအစာ ဆိုင်တစ်ခုရဲ့ နာမည်နဲ့ ပတ်သက်ပြီး ယူကေမှာရှိတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ နီပေါ သံအရာရှိတွေ ၁၅-၂-၂၀၁၁ နေ့က တွေ့ဆုံဆွေးနွေး ကြပါတယ်။ “Greedy Buddha”ဆိုတဲ့ အဲဒီဆိုင်ရဲ့ နာမည်ဟာ ဗုဒ္ဓဘာသာကို စော်ကားနေတဲ့အတွက် ဆန့်ကျင်ကန့်ကွက်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ သံရုံး တစ်ခုချင်းရော၊ စုပေါင်းပြီးတော့ပါ ဆန့်ကျင်ကြဖို့ သဘောတူခဲ့ကြပါတယ်။
Greedy Buddha