24 Jun 11, 09:50 PM
naingnandaaung: blogger.com ကိုမြန်မာနိုင်ငံကနေ sign in လုပ်လို့မရပါဘူး ခင်ဗျ။ proxy website နဲ့ ကျော်ပြီးဝင်ပြန်တော့လဲ ကြည့်ရုံသက်သက်ပဲ ရပါတယ်။sign in နဲ့ဝင်ပြီးကိုယ့်ဘာလော့ကို ပြင်လို့မရပါဘူး။sign in လုပ်ပြီးတဲ့sign in လုပ်ပြီးရင်လဲ အဖြူရောင်ကြီးပဲပေါ်တယ်။ဘယ်လိုလုပ်ရမလဲံမသိဘူး။သိရင်ရှင်းပြပေးပါနော်
.........................................................................................................................................
***ဧကရီ*** နိုင်းနန္ဒာအောင် မေးထားတာလေးကို ဖြေပေးလိုက်ပါတယ်ရှင့်.. ဟုတ်ပါတယ် blogspot တွေကို ၀င်ရင်
အဲလိုပဲ အဖြူကြီးပဲ တက်ပါတယ်။
ဟိုးအရင်က..ဧကရီလည်း..blogspot တွေကို ခုဧကရီပေးမဲ့ YourFreedom နဲ့ သုံးပြီး ပို့စ်တွေတင်နေကြမို့
YourFreedom ဆော့ဝဲလေးနဲ့ သုံးပုံ သုံးနည်းလေး ပါ တင်ပြပေးလိုက်ပါတယ်ရှင့်...
ခုလောလောဆယ်တော့ မြန်မာကွန်နရှင်တွေက မေးလ်လောက်ပဲ ဖွင့်နေရတဲ့အချိန်ဆို ရင် ပို့စ်တင်ချင်ရင်
မေးလ်က တာရိုက်ဆန့်ပြီး တင်လိုက်တာပါပဲ..အဲဒီနည်းလေးလည်း အရင်ကပို့စ်တင်ပေးထားဖူးပါတယ်။
နည်းလမ်း(၁)
ပထမတစ်ကြိမ်တော့ ဘလော့ဂါ ၀င်ဖို့လိုတာပေါ့နော်။ပထမဆုံး ဘလော့ဂါကိုအကောင့်ဝင်ပါ။
ဝင်ပြီးသွားရင်
Settings ကိုသွားပါ။settings ထဲကမှ Email&Mobile ကိုရွေးပေးပါ။Email&Mobileကိုရောက်ပြီဆိုရင် Posting
Options အောက်က Email Posting Address မှာ .............secretWords@blogger.comဆိုပြီးတွေ့ပါလိမ့်
မယ်။အဲ့မှာ secretWords ဆိုတဲ့နေရာလေးမှာ ကိုယ်ထည့်ချင်တဲ့ဂဏန်းလေးလုံး( အနည်းဆုံး) ထည့်ပြီး
အောက်က Publish emails immediately ဆိုတာကိုရွေး Save လုပ်လိုက်ရင် ရပါပြီ။
နည်းလမ်း(၂)
ဒုတိယနည်းလမ်းကတော့ ဘလော့ဂါအကောင့်ဝင်လိုက်ရင် dashboard ကိုရောက်သွားပါမယ်။အဲ့မှာ ကိုယ့်
ဘလော့နာမည်ရဲ့ဘေးမှာ phone ပုံလေးနဲ့ စာအိပ်ပုံလေးနှစ်ခုရှိပါတယ်။စာ အိပ်လေးကိုနိုပ်ပေးလိုက်ရင် ဘောက်လေး
တစ်ခုကျလာပါလိမ့်မယ်။အဲ့မှာ ပထမ နည်းလမ်းလိုဘဲ ကွက်လပ်မှာ ဖြည့်ပေးလိုက်ပြီး save လုပ်လိုက်ရုံပါဘဲ။
ပြီးရင် မေးလ်ထဲဝင်ပြီး
မေးလ်ကနေ compose mail ၀င်။ ပို့မယ့်သူနေရာမှာ အပေါ်က ...........(ကိုယ်ထည့်လိုက်တဲ့စာလေးလုံး)@blogger.comဆိုတာလေး
ထည့်။subject နေရာမှာ ပို့ခေါင်းစဉ်။အောက်က text box ထဲမှာပေါ့ ကိုယ်ရေးချင်တာတွေေ၇းပေးပေါ့။ဓာ တ်ပုံ
ထည့်မယ်ဆိုရင်တော့ gmail settings ထဲက Labs ထဲက Inserting images ကို Enable ချိန်းပေးလိုက်ရင် ပုံ
ထည့်လို့ရပါပြီ။အားလုံးဘဲ အဆင်ပြေပါစေ။
.................................................................................
Freedom ကိုသုံးပြီး ပိတ်ထားသော website များအားလုံး ကြည့်နိုင် ပါတယ်။ plogspot တွေ ၀င်ချင်တဲ့သူတွေblogger တွေ အတွက် ပိုအသုံးဝင်ပါတယ်ရှင့်...
Freedom ဆာဗာ ကိုလိုက်ပြီး စိတ်ကြိုက် နိုင်ငံများမှ IP ကိုသုံးနိုင်ခြင်း စသည့်တို့ကို အသုံးပြုနိုင်ပါတယ်။
Freedom အား အသုံးပြုလိုလျင် Freedom အကောင့် ရှိရန်လိုအပ်သည်။
http://www.your-freedom.net မှာ အကောင့်ဖေါက်ရပါ့မည်။
၁။ ပုံမှာပြထားတဲ့ အမှတ်အသားအတိုင်း register ကိုသွားလိုက်ပါ။
* Email address မှာ ကို gmail ၊ yahoo ၊ hotmail ၊ စသည် ဖြင့် မိမိမှာ ရှိတဲ့မေး တစ်ခုခုကို ထည့်လိုက်ပါ။ Freedom တစ်ခါမှ မလျှောက်ဘူးသော Email ဖြစ်ရပါမယ်။
* I have read the acceptable use policy ဆိုကို အမှတ်ခြစ်ပေးလိုက်ပါ။
* address နဲ့ City မှာ အဆင်ပြေတဲ့ ဟာကိုရေးပါ။
* Zip code မှာ 095 ပါ။(မြန်မာနိုင်ငံ အတွက်ဖြစ်ပါတယ်)
* Country of residence မှာ Myanmar ကိုရွေးပေးလိုက်ပါ။
* Telephone မှာ အဆင်ပြေတာကိုထည့်ပါ။
* အားလုံးဖြည့် ပြီးလျှင် Submit ကိုနှိပ် လိုက်ပါ။
၃။ ထိုအဆင့်ပြီးလျှင်အောက်က ပုံ အတိုင်း မိမိ mail ထဲမှာ သွားပြီးစစ်ခိုင်းပါလိမ့်မယ်။ (ထိုသို့မဟုတ်ပဲ အကောင့်လျှောက်တဲ့ဆီသို့ ပြန်ရောက်ရောက်နေလျှင် တစ်ခုခုမှားနေပါသည်။ ပြန်လုပ်ကြည့်လိုက်ပါ။)
၎။ Email address တွင်ပေးခဲ့သော mail ကိုဖွင့်လိုက်ပါကFreedom မှာပို့ထားသော mail ကိုတွေရပါမည်။ Inbox ထဲတွင်မတွေ့ပါက Drafts ထဲတွင်ရှာကြည့်လိုက်ပါ။
၅။ Freedom မှ ရောက်နေသော mail ကို ဖွင့်လိုက်ပါ။ အောက်ကပုံတွင် အမှတ် အသားပြထားသော လင့်ကို နှိပ် လိုက်ပါ။ အမှတ်အသားပြထားသော code ကိုလည်း copy လုပ်ထားပါ။
၆။ အပေါ်တွင် ပြထားသည့် အတိုင်း နှိပ်လိုက်သည့် လင့် သည် New Tab အနေနှင် အောက်ကပုံတွင်ပြထားသည့် အတိုင်း ထွက်လာပါလိမ့်မယ်။ အထက်က အဆင့်တွင် copy ကူးထားသော Code ကို ပုံတွင်ပြထားသည့် အတိုင်းထည့်ရ်ျ Activate account ကို နှိပ် လိုက်ပါ။
၇။ ထို သို့ နှိပ်လိုက်လျှင် အောက်က ပုံ အတိုင်း Account Activate ဖြစ်ကြောင်းပြပါလိမ့်မယ်။
၈။ အဲ့ဒါပြီးရင် အောက်ကပုံတွေ အတိုင်းအကောင့် ကို ၀င်ကြည့်လိုက်ပါ။
Freedom အကောင့် ရသွားပါလိမ့်မယ်။
Your freedom အသုံးပြုပုံ
Freedom ကို အသုံးပြုရန် freedom software ကို http://www.your-freedom.net
တွင်သွားပြီး အောက်ကလင့်လေးမှာေ ဒါင်းလုပ်ချရန် လိုအပ်ပါသည်။
Freedom နှင့်တွဲသုံးရန် VPN လည်းပါ ပါတယ်။အခုတင်ထားသော ဖိုင်မှာ rar ဖြင့်ချုပ်ထားပြီး winrar ဆော့ဝဲတင်ထားရပါမည်။
.ပထမဆုံး freedom ဆော့ဝဲကို ဒေါင်းလုပ်ချပြီးလျှင် မိမိအသုံးပြုမည့်စက်တွင် အင်စတော လုပ်ပါ.
သူ့ကို အင်စတော့လုပ်ပြီးရင်ထူးခြားတာကတော့ Taskbar ပေါ်မှာ local Aera Connection ဆိုပြီးပေါ်လာတာပါ။
၁။ အားလုံး အင်စတောလုပ်တာ အဆင်ပြေသွားရင် Your Freedom ကိုဖွင့်လိုက်ပါ။
အဲထဲက အတိုင်း configure ဆိုတာကို တစ်နှိပ်ပါ…။
၂။ ပုံအတိုင်း box တစ်ခုထွက်လာပါမယ်..။ အဲ့ဒါ ကိုယ်တိုင်ရေးရမှာ…
( က ) ပုံမှာတွေရတဲ့ server connection ဆိုတဲ့ဘားက address ဆိုတဲ့ ဘောက်မှာ
ems01.your-freedom.de ဆိုပြီးရိုတ်ထည့်လိုက်ပါ။ ems01 ဆိုတဲ့ နေရာမှာ
ems02 , ems03 , ems11, ems12 , ems24 ဆိုပြီးဆာဗာ အမည်တွေကိုပြောင်းထည့်လို့ရပါတယ်။
ဥပမာ။ ။
ems01.your-freedom.de ဆိုတဲ့နေရာမှာ
ems20.your-freedom.de ဆိုပြီး ပြောင်းထည့်လို့ရပါတယ် ။ကိုယ်ထည့်တဲ့ ems နံပါတ်ကိုလိုက်ပြီး ဆာဗာတွေပြောင်းသွားမှာပါ။ ဘယ်နံပါတ်က ဘယ်နိုင်ငံကလည်းဆိုတာကတော့
သုံးရင်းနဲ့သိသွားပါလိမ့်မယ်။
( ခ ) ပုံမှာ ပြထားတဲ့ အတိုင်း port ကတော့ 443 ပါ။
( ဂ ) အဲ connection mode ကတော့ HTTPS ပေါ့…။
၃။.နောက်တစ်ဆင့်အနေနဲ့ အောက်ကပုံမှာပြထားတဲ့အတိုင်း Account Information ဆိုတဲ့ဘားကိုသွားပါ ။
အဲဒီမှာ အပေါ်က ကိုယ်လုပ်ခဲ့တဲ့ အကောင့် နဲ့ စကားဝှက်ကိုရိုက်ပါ။
၎။ အဲဒါ တွေ လုပ်ပြီးရင် Proxy Settings ဆိုတာကိုဆက်သွားလိုက်ပါ။
အထက်ကပုံ က Proxy Address ဆိုတဲ့ဘောက်မှာ ကိုယ်သုံးတဲ့ IP ကိုရိုက်ပါ။ proxy Port ကလဲ
ကိုယ်သုံးတာပဲပေါ့..။ အဲ..ကိုသုံးနေတဲ့ IP ကိုမသိရင်..
ကီးဘုတ်က ၀င်းဒိုးပုံလေးနဲ့ ကီးနဲ့ R ကီးကိုတွဲ နှိပ်လိုက် Run ကိုခေါ်တာပါ။
Run မှာ cmd ဆိုပြီးရိုက်လိုက် အဲ..အဲဒီမှာ ဘောက်အမည်းကြီးတက်လာလိမ့်မယ် အဲ့ဒီမှာ
Ipconfig ရိုက်လိုက်ပါ။
အဲဒီမှာ Default Gateway ဆိုတာနဲ့တည့်တည့် အမှတ်အသားပြထားတာက ကိုယ်သုံးနေတဲ့ ip ပါ။
ပုံမှာက လိုင်းနှစ်လိုင်းရှိလို့ IP နှစ်ခုပါတာပါ။
အဲဒီမှာ ip ထည့်ပြီးရင် save and exit ဆိုတာကို နှိပ်ပါ။
၅။အဲ့ဒီအဆင့်ပြီးရင်အောက်ပုံအတိုင်းမြင်ရပါမယ်။
အဲ့ဒီမှာ အမှတ်အသားပြထားတဲ့ Ports ဆိုတာကိုနှိပ်ပါ။
အဲ့ဒီမှာ web proxy port ဆိုတာနဲ့ openVPN port ဆိုတာကို အမှန်ခြစ်ပေးပါ.။ စက်မှာ
Openvpn တင်ထားမှာသာ openvpn port ကိုအမှတ်ခြစ်ပေးပါ.။တင်မထားရင် web proxy port
တစ်ခုထဲကိုသာ အမှန်ခြစ်ပေးပါ။
၆။ အဲ့ဒါပြီးရင် ထိပ်ဆုံးက status ဆိုတာကိုနှိပ်လိုက်ပါ။
ထို့နောက် ပုံတွင်ပြထားသည့်အတိုင်း Start Connection ဆိုတာကိုနှိပ်လိုက်ပါ။
၇။ ထို့နောက် အောက်ကပုံ အတိုင်း freedom ချိတ်သွားပါသည်။
အပေါ်ကပုံရဲ့ Taskbar မှာ အမှတ်အသားပြထားတာက OpenVPN တင်ထားရင် ပေါ် နေတဲ့ local area connection ဆိုတာလေးက ချိတ်သွားတာပါ။
Freedom ကို web browser တွေမှာ ဘယ်လိုသုံးမလဲ ဆိုတော့ mozilla firefox ကိုဥပမာ
ပေးရရင် firefox ရဲ့ tools ထဲက Options => Network => settings ထဲက manul proxy…
က HTTP Proxy ဆိုတဲ့ ဘောက်ထဲမှာ localhost ဆိုပြီးရိုက်ပြီး 0k , 0k နဲ့ထွက်ပြီးသုံးတာက
Freedom ကို ရိုးရိုးပဲ သုံးတာ VPN ကိုမသုံးသေးဘူး။
OpenVPN နဲ့သုံးချင်ရင် တော့ Firefox မှာ အောက်က ပုံ အတိုင်း No Proxy ဆိုတဲ့ဘောက်ကိုအမှန်ခြစ်ပေးပြီး OK , OK နဲ့ထွက်လိုက်ပြီးသုံးရုံပါပဲ။
OpenVPN ဘယ်လောက်ထိကောင်းလဲ ဆိုတာ စမ်းချင်ရင်တော့
Star=>Run=> ထဲ မှာ cmd ဆိုပြီး ခေါ်လိုက်ပါ။
အထက်ကပုံ အတိုင်းပဲ ping www.google.com –t ဆိုပြီး ping ကြည့်လိုက်ပါ။
ping လို့ရသွားပါလိမ့်မယ်။ အဲ့ google မှ မဟုတ်ပါဘူး.. ကြိုက်တဲ့ ဆိုဒ်ကို ping ကြည့်ပါ.
Openvpn တင်ထားတဲ့ စက်မှာ freedom ဖွင့်ထားရင် အခြားစက်ကနေလဲ freedom ကိုခေါ်သုံးလို့ရတယ်။ ဘယ်လိုခေါ်သုံးလဲ ဆိုတော့ freedom ဖွင့်ထားတဲ့စက်ရဲ ip address ကို
ကိုယ်သုံးမယ့် web browser မှာထည့် port က 9091ဆိုရင် ..
Freedom ဖွင့်ထားတဲ့ စက်ရဲ့  IP address ဘယ်လိုကြည့်လဲ ဆိုတော့ freedom ဖွင့်ထားတဲ့စက်မှာ
Start=>Run=>cmd လို့ရိုက် အဲ့ဒီမှာ ipconfig ဆိုပြီးရိုက်လိုက်ပါ။
ip address နဲ့တည့်တည့် ဟာက အဲ့ဒီစက်ရဲ ip addressပါ။
အဆင်ပြေပါစေရှင့်...