၁။လက်ဖက်ရည်ကြမ်း သောက်ပါ။
လက်ဖက်ရည်ကြမ်း သောက်တာဟာ အပန်းပြေ စေပြီး စိတ်ဖိစီးမှု လျော့ပါး စေတဲ့ အိမ်သုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ အင်္ဂလန် လေ့လာသူတွေ က လက်ဖက်ရည်ကြမ်း သောက်တဲ့ သူတွေဟာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်း ပမာဏကို လျော့ကျ စေတယ် လို့ ဆိုပါတယ်။ ကော်တီစောကို ကြောက်ရွံ့မှု နဲ့ ပူပင်သောက တွေကို တုံ့ပြန်တဲ့ အနေနဲ့ အဒရီ နယ်ဂလင်း က နေ ထုတ်ပါတယ်။ ဒီ ဟော်မုန်းဟာ ခုခံစွမ်းအား ကျဆင်းတာက နေ ၀မ်းဗိုက် အဆီပိုတွေ ရှိလာစေတဲ့ အထိ ကျန်းမာရေး ပြဿနာ အမျိုးမျိုးကို ဖြစ်လာစေနိုင် ပါတယ်။
၂။လတ်ဆတ် သန့်ရှင်းသော လေကို ရှူပါ။
စိတ်ဖိစီးမှု များတဲ့သူတွေ ဟာ အများအားဖြင့် သဘာဝလောက နဲ့ ကင်းကွာ နေတတ်ကြ ပါတယ်။ လေကောင်း လေသန့် ရတဲ့ နေရာတွေ ဖြစ်တဲ့ ပန်းခြံထဲ၊ ဥယျာဉ်တွေထဲ ကို သွားရောက် လည်ပတ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စိတ်ဖိစီးမှု ပြေလျော့ စေမယ့် နည်းလမ်းကောင်း ပါ။
၃။စာအုပ်ကောင်း တစ်အုပ် ဖတ်ပါ။
စိတ်ဖိစီးမှု များနေရင် မဖြေရှင်းနိုင်တဲ့ အရာတွေ အတွက် ထိုင်ပြီး စိတ်ညစ် မနေသင့် ပါဘူး။ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ပေး လိုက်ပါက သင့် ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတဲ့ အဖြေကောင်း တစ်ခု ရလာနိုင် ပါတယ်။
၎။ရယ်နိုင်အောင် ကြိုးစားပါ
ရယ်မောတာ က စိတ်ရောကိုယ်ပါ ကျန်းမာ စေတာကြောင့် ရယ်မောနိုင်အောင် ဟာသကား ကြည့်တာ၊ ဟာသ စာပေတွေ ဖတ်တာ၊ အင်တာနက်က Youtube ၀က်ဘ်ဆိုက် မှာ သင်ကြိုက်တဲ့ လူရွှင်တော် နာမည် ရှာပြီး ကြည့်တာ နဲ့ ရယ်စရာ ပြောတတ်တဲ့ သူငယ်ချင်းတွေ နဲ့ တွေ့ဆုံတာတွေ ကို လုပ်ဆောင် ပေးသင့် ပါတယ်။
၅။စိတ်ကူးယဉ် ဖွယ်ရာ ကောင်းသော ဇာတ်လမ်းကို ကြည့်ပါ
စိတ်ညစ်နေရင် စိတ်ခံစားမှု ကောင်းနေအောင် သင့်ကို ပျော်ရွှင် စေနိုင်မယ့် အရာတွေကို လုပ်ဆောင် ပေးပါ။ ဒါဟာ စိတ်ဓာတ်ကျ နေစဉ်မှာ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင် နိုင်ဖို့ အတွက် အရေးပါ ပါတယ်။
စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်နေစေမည့် နည်းလမ်းငါးသွယ်
--
..................
Lin Linn