အချိန် ငါးမိနစ်လောက် နဲ့ ပြည့်စုံတဲ့ အလှ ပြင်ဆင်မှု ဖြစ်စေဖို့
ဖော်ပြပေးလိုက် ပါတယ်။ ခရီးသွားချိန် နဲ့ အလုပ်ကိစ္စတွေကြောင့် အပြင်
သွားနေရသူတွေ အတွက် အချိန်လည်း မြန်ပြီး ပြီးပြည့်စုံတဲ့ အလှကိုလည်း
ရစေဖို့ ဒီအဆင့် လေးဆင့်ကို ပြုလုပ် ကြည့်ပါ။
အဆင့်(၁) - သင့် လက်ဖ၀ါးထဲ ကို မိတ်ကပ် ဖောင်ဒေးရှင်း နဲ့ နေရောင်ကာ
ခရင်မ် ကို ရောမွှေပြီး မျက်နှာ နဲ့ လည်ပင်းတွေ ကို လိုးရှင်း လိမ်းသလိုပဲ
အနှံ့လိုက်ပြီး လိမ်း ပေးလိုက်ပါ။ ဒါဆိုရင် တစ်ဆင့်ချင်း လိမ်းလို့
ကုန်မယ့် အချိန်ကို သက်သာစေ ပါတယ်။
အဆင့်(၂) - မျက်နှာပေါ်က အမည်းစက်တွေကို ပြေပျောက် စေဖို့ အတွက်
ကွန်ဆဲလာကို Stick ပုံစံ အမျိုးအစားကို ရွေးချယ်ပြီး မျက်လုံး အောက်ဘက်
နေရာ နဲ့ အမည်းစက်တွေ ကို ခပ်ပါးပါးလေး လိမ်းလိုက်ပါ။ ဒါဟာ ပိုမို
ချောမွေ့စေပြီး ညီညာမှုလည်း ရှိစေ ပါတယ်။ အောက်ခံ ဖောင်ဒေးရှင်း အရောင်
နဲ့ ညီညွတ် သွားအောင် လက်ချောင်း ထိပ်လေး နဲ့ ဖြည်းဖြည်းချင်း ပွတ်ပြီး
ညှိပေး လိုက်ပါ။
အဆင့်(၃) - ပါးနီကို လက်နှစ်ချောင်း နဲ့ ယူပြီး ပါးရိုးပေါ်မှာ စက်ဝိုင်း
ပုံစံ ပွတ်လိမ်း ပေးပါ။ သင့် နှုတ်ခမ်းနီကို ပါးနီအဖြစ် သုံးလို့ရ ပါတယ်။
ပါးနီ အရောင် နဲ့ နှုတ်ခမ်းနီ အရောင် ထပ်တူ ကျတာကြောင့် သင့် မျက်နှာကို
သဘာဝ ကျနေစေ ပါတယ်။ ပြီးတော့မှ 2 way ခရင်မ် ပတ်လေး နဲ့ မျက်နှာ အနှံ့
ရိုက်လိုက်ပြီး နှုတ်ခမ်းနီ ဆိုး လိုက်ပါ။ အဆင့်(၄) - လိုင်နာကို အရည်ထက်
ခဲတံကို ဆောင်ထား ပါ။ လိုသလို ပုံသွင်း နိုင်ပြီး စွန်းထင်းမှု လည်း
နည်းတာကြောင့် ပါ။ စက္ကူ ကတ်ထူ ဒါမှမဟုတ် ကတ်ပြား တစ်ခုကို မျက်ခွံ
အပေါ်နားမှာ ခံပြီး မက်စ်ကာရာ နဲ့ မျက်တောင်ကို ကော့ပေး လိုက်ပါ။
မျက်တောင် ကော့စက် သုံးစရာ မလိုဘဲ ကော့ညွတ် နေတဲ့ မျက်တောင်လေးကို
ပိုင်ဆိုင် ရမှာ ဖြစ်ပြီး မျက်လုံး တစ်ဝိုက် စွန်းထင်းမှု ကင်းတာကြောင့်
အချိန်ကုန် လည်း သက်သာစေမှာ ဖြစ်ပါ တယ်။
--
..................
Lin Linn