ဒီနန်းတော်လေးကို ကျွန်တော်နဲ့ ဧကရီ ချစ်သူနှစ်ဦးပေါင်းပြီး ဖန်တီးခဲ့တာ အခုဆိုတစ်နှစ်တောင် ကျော်ခဲ့ပါပြီ။နောက်ပိုင်း တခြားဝါသနာပါတဲ့ စာရေးသူအဖွဲ့ဝင်တွေ တိုးလာခဲ့ပါတယ်။သူတို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ဒီကာလအတွင်းမှာ စာဖတ်သူတွေရဲ့ အခက်အခဲတွေ ပြဿနာတွေကိုလဲ ကူညီဖြေရှင်းပေးခဲ့ပါတယ်။လာလည်တဲ့သူတွေအဆင်ပြေစေဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပါတယ်။
နည်းပညာပြဿနာတွေ လူမှုရေးပြဿနာတွေ လိုအပ်ချက်တွေ တတ်နိုင်သမျှ ကူညီပေးခဲ့ကြတယ်။
တကယ်ပြောရရင် ကျွန်တော်ကိုယ်တိုင်လဲ ဘာမှမသိသေးတဲ့ လေ့လာနေဆဲလူတစ်ယောက်ပါ။
ဒီတခါတော့ စိတ်ကူးပေါက်လို့ ကျွန်တော်က ပြန်ပြီး စာဖတ်သူတွေကိုအကူအညီတောင်းမယ်နော်။
ခုကျွန်တော်မှာ ပြဿနာတစ်ခုတက်နေတယ်ခင်ဗျာ။ခ်စ္သူဧကရီက သ၀န္တိုရာကေန စၿပီး ခုဆိုမယံုသကာၤ
အရမ်းဖြစ်နေတယ်။ခုလဲ သူ့နောက်ကွယ်တခြားကောင်မလေးတွေနဲ့ ရှုပ်တယ်ထင်နေပါတယ်။အဲဒါ သူယုံအောင်
နန်းတော်မှာ ပို့စ်တင်ပြီး ရှင်းပါတဲ့ခင်ဗျ။အမှန်တော့ ကိုယ်ရေးပြဿနာတွေကို ဒီမှာမရေးချင်ပါဘူး။
ဧကရီကမရေးရင် မဟုတ်တာလုပ်ထားလို့ပါတဲ့။ဒီနေရာကနေ ကျွန်တော်အသိပေးပါမယ်။ဘယ်မိန်းကလေးနဲ့မှ
မပတ်သတ်ပါဘူး။ရှုပ်လဲမရှုပ်ပါဘူး။ကိုယ့်ဖာသာအေးဆေးနေပါတယ်။အားရင်စာဖတ်တယ် ရုပ်ရှင်ကြည့်တယ်။
ဘာမဟုတ်တာမှမလုပ်ပါဘူး။အဲဒါကြောင့် ယုံကြည်ပါလို့ ဧကရီကို ဒီကနေပြောချင်ပါတယ်။
ဧကရီ့ကိုဝိုင်းပြောပေးဖို့ အကူအညီတောင်းပါတယ်နော်။
အခုကိစ္စလေးနဲ့ပတ်သတ်ပြီး သ၀န်တိုခြင်းအကြောင်းကို နဲနဲရေးချင်ပါတယ်။
ချစ်သူနှစ်ဦးအကြားသ၀န်တိုတယ်ဆိုတာ ချစ်လို့သ၀န်တိုတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ဒါပေမယ့် မိန်းကလေး
ဖြစ်ဖြစ် ယောကျာ်းလေးဖြစ်ဖြစ် အလွန်အကျွံသ၀န်မတိုသင့်ပါဘူး။တဖက်လူမှာ အနေအထိုင်ကျဉ်းကျပ်စေပါတယ်။
စိတ်ရှုပ်စေပါတယ်။ကိုယ့်ချစ်သူ့မိုသာ ချစ်လို့ မပြောတာပါ။တကယ်တော့ ကိုယ်တိုင်မဟုတ်တာ မလုပ်ဘဲ အပြောခံရတာ ခံစားရခက်ပါတယ်။အဲဒါကြောင့် ချစ်သူတွေအနေနဲ့ အရမ်းချစ်ရင် နည်းမှန်လမ်းမှန်နဲ့ သ၀န်တိုတတ်ဖို့လိုပါတယ်။တကယ် ကိုယ့်ချစ်သူက ကိုယ့်နောက်ကွယ်မှာမဟုတ်တာ လုပ်နေသလားဆိုတာကို သေချာတိကျစွာ သိရှိမှ သ၀န်တိုရပါမယ်။နောက်တချို့သ၀န်တိုတာက ချစ်သူချင်းအပျော်အနေနဲ့ သ၀န်တိုပြ စိတ်ကောက်ပြ လုပ်တတ်ပါတယ်။ဒါကတော့ ပျော်ရွှင်မှုတွေ ဖြစ်စေပါတယ်။အဲဒီတော့ ချစ်သူချင်းသ၀န်မတိုနဲ့ မဟုတ်ဘူး တိုကြပါ။ဒါပေမယ့် အလွန်အကျွံ သ၀န်မတိုပါနဲ့။သ၀န်တို စိတ်မချဖြစ်ပြီး မယုံသင်္ကာစိတ်လွန်ကဲတာဟာ
စိတ်ရောဂါတမျိုးပါ။ကျွန်တော်စာဖတ်ဖူးပါတယ်။ဆရာဝန်တစ်ယောက်ဆီကို အမျိုးသမီးတစ်ယောက်က လာရောက်ဆွေးနွေးတာပါ။သူ့အမျိုးသားက သူ့ကိုအရမ်းသ၀န်တိုတယ်စိတ်မချဖြစ်တယ် မယုံသင်္ကာစိတ်အရမ်းဖြစ်ပါတယ်တဲ့။သူအပြင်က ပြန်လာပြီဆိုတာနဲ့ အ၀တ်အစားအကုန်ချွတ်ပြီးစစ်ဆေးပါသတဲ့။
အဲဒါဆရာဝန်နဲ့လာဆွေးနွေးတော့မှ ဆရာဝန်က ဒါဟာရောဂါတမျိုးလို့ ပြောပြပြီး ဆေးကုပေးလိုက်ပါတယ်။
အဲ့ဒီတော့ ကိုယ့်ချစ်သူကို သ၀န်တိုမယ်ဆိုရင်လဲ ဦးနှောက်က သေချာစဉ်းစားဆုံးဖြတ်ပြီးမှ သ၀န်တိုကြပါလို့ ပြောချင်ပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတစ်ခုမှာ မင်းသား က မင်းသမီးကို ပြောတဲ့စကားကို သဘောကျလို့ ဖော်ပြပေးလိုက်ပါ
သေချာတော့မမှတ်မိဖူးနော် :P
ကိုယ့်ချစ်သူကို ယုံကြည်စိတ်ချပေးခြင်းဖြင့် ကိုယ်ရဲ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးပါလား....
(သူပြောတာမှန်ပါတယ်။မယုံသင်္ကာဖြစ်တာဟာ တဖက်လူရဲ့ကိုယ့်ကျင့်သိက္ခာကို ထိခိုက်တာတမျိုးပါ)