hninsikahing: ပညာတွေမပြီးဆုံးခင်ချစ်သူကသူ့ဆန္ဓတွေကိုေ၇ှ့တန်းတင်နေပါတယ်။ချစ်သူကချစ်နေတယ်ပြောပြီးလမ်းခွဲဖို့အခြေအနေ
ထိဖြစ်နေတယ်။ကျွန်မအနေနဲ့လမ်းမခွဲချင်ပေမယ့်ပညာရေးကိုပဲရွေးပါမယ်။ကျွန်မဆုံးဖြတ်ချက်အတွက်အကြံပေး
စေချင်ပါတ
ဧကရာဇ် : မနှင်းဆီအကူအညီတောင်းထားတာ ဖြေပေးလိုက်ပါတယ်။မေးထားတာက သိပ်ရှင်းလင်းမှုမရှိတော့ အတတ်နိုင်ဆုံး ဖြေပေးလိုက်ပါတယ်။အချစ်ရေးနဲ့ ပညာရေးကို ဆုံးဖြတ်ဖို့ အကူအညီတောင်းတာလို့ ထင်ပါတယ်။
ချစ်သူကအချစ်ရေးကိုရှေ့တန်းတင်ခိုင်းတယ်။မတင်ရင် လမ်းခွဲဖို့အထိဖြစ်မယ်။မနှင်းဆီအနေနဲ့ကလဲ ပညာရေးကိုရွေးချင်တယ်လို့ ကျွန်တော်ယူဆမိပါတယ်။အဲ့ဒီတော့ အချက်အလက်တော့သေချာမသိပါဘူး။
အကြံပေးပေးပါဆိုလို့ အတတ်နိုင်ဆုံးအကြံပေးကြည့်ပါမယ်။အခုမနှင်းဆီရေးတဲ့စာအရ ပညာရေးကိုရွေးလိုက်တယ်လို့ ထင်ပါတယ်။အဲဒါမှန်ကန်မယ်ထင်ပါတယ်။အချစ်ရေးကအရေးမကြီးလို့ မပြောပါဘူး။
အရေးကြီးပါတယ်။တစ်ဘ၀လုံးနဲ့သက်ဆိုင်တဲ့ကိစ္စပါ။ဒါပေမယ့်အခြေအနေအချိန်အခါကို ကြည့်ရပါမယ်။
ကိုယ်အတွက်ဘယ်ဟာအရေးကြီးလဲ။ခုအချိန် အချစ်ရေးကိုရှေ့တန်းတင်လိုက်ရင် အားလုံးပြေလည်သွားနိုင်လား။
ဒါမှမဟုတ် အခြေအနေဆိုးသွားနိုင်လား။တွေးကြည့်ရပါမယ်။
အချစ်ရေးနဲ့ ပညာရေးကို ရွေးချယ်ဖို့ အချက်လေးတွေ ကျွန်တော်ပေးပါမယ်။မိမိဖာသာတွက်ချက်ပြီး ဆုံးဖြတ်ကြည့်ပါ။
ပထမအချက်က အသက်အရွယ်ပါ။မိမိအသက်အရွယ်က အချစ်ရေးကိုဦးစားပေးသင့်တဲ့ အရွယ်လား။ပညာရေးကို
ဦးစားပေးသင့်တဲ့အရွယ်လား။ဒါကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ငယ်ရွယ်စဉ်ကတော့ ပညာရေးကအဓိကပေါ့။အသက်အရွယ်ကြီးလာမယ်ဆိုရင် ခုချိန်မှ မရွေးချယ်ရင် အပျိုကြီးဖြစ်မယ်ဆိုရင် အချစ်ရေးကိုလဲ ဦးစားပေးသင့်ပါတယ်။ဒါကတော့မိမိသဘောပါ။
ဒုတိယအချက်အနေနဲ့ မဖြစ်မနေရွေးဖို့လိုအပ်နေပြီလား။ဥပမာ ကိုယ့်အရမ်းချစ်တဲ့ချစ်သူက တပါးသူနဲ့ လက်ထပ်တော့မှာလား။ကိုယ်က ပညာရေးကိုရွေးချယ်လိုက်ရင် သူနဲ့တကယ်ဝေးသွားမှာလား။ဘယ်တော့မှမတွေ့နိုင်တော့ဘူးလား။အချိန်ဆွဲလို့မရလောက်အောင်ဖြစ်နေတာလား။
အဲလိုဖြစ်နေရင်တောင် မိမိက ကိုယ်ချစ်သူ့ကိုအရမ်းချစ်သလား ပြန်မေးရပါမယ်။အဓိက ကိုယ်စိတ်ချမ်းသာဖို့ဘဲလေ။ကိုယ်အရမ်းချစ်နေရင်တော့ တမျိုးတွေးရမှာပေါ့။အဲလိုမဟုတ်ဘဲ အရမ်းအရေးမကြီးဘူး။ကိုယ်ကလဲ သေလောက်အောင်မချစ်ဘူးဆိုရင်တော့ ပညာရေးကိုဘဲ ဦးစားပေးပါ။
တတိယအချက်အနေနဲ့ ကိုယ့်ဘ၀တက်လမ်းကို စဉ်းစားပါ။အချစ်ရေးကို ဦးစားပေးလိုက်ရင် တဘ၀လုံးလုံခြုံသွားပီလား။အာမခံချက်ရှိသလား။ဒါမှမဟုတ်ခုချိန်အချစ်ရေးကို ဦးစားပေးလိုက်ရင် ပြဿနာတွေ ဖြစ်မယ်။ဒုက္ခတွေ ရောက်မယ်။ ဒီလိုဖြစ်နိုင်လား။မိမိဖာသာအသိဆုံးဖြစ်မှာပါ။အချစ်ရေးကို ခဏထိန်းသိမ်းလို့ရမယ်ဆိုရင် ထိန်းသိမ်းသင့်ပါမယ်။အပေါ်က ကျွန်တော်ပြောတဲ့အချက်တွေကို တွေးကြည့်ပါ။
အကောင်းဆုံးကအရွယ်လဲမလွန်သေးဘူး။ပညာရေးကို ဦးစားပေးမယ်ဆိုရင် ကိုယ့်ဘ၀တက်လမ်းလဲရှိမယ်။နောက် ချစ်သူကိုအရမ်းချစ်မြတ်နိုးမခွဲနိုင်ဖြစ်ပြီးစိတ်ဆင်းရဲရမယ့်အဖြစ်မျိုး မဖြစ်နိုင်ဘူးဆိုရင် ပညာရေးကိုရွေးချယ်တာ မှန်ကန်ပါတယ်။အကောင်းဆုံးကတော့ ချစ်သူကို သေချာချော့မော့ပြီးတော့ ကတိပေးသင့်ပေးပြီး ပညာရေးကို ဦးစားပေးလိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။