Vibran Five Fingers ကုမ္ပဏီမှ ထူခြားသော ဖိနပ်တစ်ရံကို စမ်းသပ်ထုတ်လုပ်ခဲ့သည်။ အပြေးသမားတစ်ဦး၏ မိနစ်ပေါင်း ၁၂၀၀ (သို့ ) ၄င်းအချိန်နှင့်ညီမျှသော ခ၇ီးမိုင်များကို ခြေချောင်းများပင်ပန်းခြင်းမရှိဘဲ လှုပ်ရှားသွားလာနိုင်သော ဖိနပ်အမျိုးအစားဖြစ်သည်။ယခုအခါ နယူးယောက်မှ အလုပ်သမားများ၊ ငါးဖမ်းသမားများ
ကဲ့သို့ အလုပ်ကြမ်းလုပ်သူများ လည်းအဆင်ပြေစွာ လုပ်ငန်းခွင်သုံးကဲ့သို့ ဝတ်ဆင်ကြသည။်
ဖိနပ်၏ပုံသဏ္ဏန် မှာလက်အိတ်တည်ဆောက်ပုံနှင့် တူညီပြီး အပြေးသမားများအတွက် အကောင်းဆုံး ပုံစံတွင်ရှိသည်။ ၄င်းဖိနပ်ကို Vibran Five Fingeers ခေါ်တွင်ပြီး တာဝေးပြေးခြင်းအတွက် ခြေချောင်းများကို နာကျင်ကိုက်ခဲခြင်းမရှိအောင် တီထွင်ထားခြင်းဖြစ်သည်။ ခြေဖ၀ါးတွင်ရှိသော အရိုးနု ၂၆ချောင်း၊ အရိုးဆက် ၃၃ခု၊ ကြွက်သား ၂၀ နှင့် ရာပေါင်းများစွာရှိသော အာရုံခံအကြောများ နှင့် အရွတ်၊ခြင်ဆီများကို သာမန် ဖိနပ်များ၏တည်ဆောက်ပုံနှင့် မတူဘဲ ခန္ဓာဗေဒနှင့် ကိုက်ညီစွာ ထုတ်လုပ်ထားခြင်းဖြစ်သည်။ကျန်းမာရေးကို အဓိက အသားပေးထုတ်လုပ်ထားသော ဖိနပ်သည် ခြေချောင်းတိုင်းကို သီခြားဖြစ်နေစေရန် ဖန်တီးထားသောကြောင့် ကြည့်ရရုပ်ဆိုးလှ သော်လည်း ပြင်းထန်သောလေ့ကျင့်ခန်းများကို အင်အားပြည့်လေ့ကျင့်နိုင်စေရန်အတွက်မူ အလွန်သင့်တော်လှသည်။
ဖိနပ်ဟုဆိုပါသော်လည်းဝတ်ဆင်ထားသော အခါဖိနပ်တစ်ရံကဲ့သို့ ဝန်ပို ဖိစီးခြင်းမရှိဘဲ နေသားကျ ကောင်းမွန်ပါသည်။အပြေးအားကစားတစ်ခုအတွက်သာမဟုတ်ဘဲ အခြားသော အားကစားများဖြစ်သည့်
အပြင်းစားယောဂ၊ ကစ်ဘောက်ဆင်၊ ရေကူးနှင့် အားကစား အတော်များများ အတွက်လည်း အဆင်ပြေသည်ကို တွေ့ ရသည်။ မြောက်အမေရိက ၏ ဒေသတွင်း လျော့ဈေးအဖြစ် ကန်ဒေါ်လာ ၆၈.၉၅ ဖြင့် ၀ယ်ယူနိုင်ပြီး ၊ အခြားနေရာမျာမှ ၀ယ်ယူပါက ကန်ဒေါ်လာ ၁၂၀ ကျသင့်မည် ဖြစ်သည်။