မဲနား (အမေရိကန်ပြည်ထောင်စု၊ လော့ဆန်းဂျလိစ်မြို့)
တန်ဖိုး - ဒေါ်လာသန်း ၁၅၀
“The Manor” လို့ အမည်တွင်တဲ့ ဒီအိမ်ကြီးကို ပိုင်ရှင် အေရွန်စပယ်လင်ရဲ့ ဇနီး ဆင်းဒီက နာမည်ပေးထားတာပါ။ လော့ဆန်းဂျလိစ်ရဲ့ အိမ်ကြီးရခိုင် စာရင်းဝင်ဖြစ်နေတဲ့ The Manor ဟာ စတုရန်းပေ ၅၆၀၀၀ ကျယ်ပြီး အေရွန်စပယ်လင်အတွက် ၁၉၉၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့စဉ်က အခန်းပေါင်း ၁၂၃ ခန်း၊ အိမ်တွင်း၊ စကိတ်စီးကွင်းတစ်ခု၊ ရေပူရေနွေး ချိုးနိုင်တဲ့ ရေချိုးကန်များ၊ မီးဖိုဆောင်သုံးခု၊ အားကစားကွင်းများ၊ ကိုယ်ပိုင်သစ်သီးခြံ၊ ဘိုးလင်းဘောလုံးပစ် ကစားကွင်းနဲ့ အရုပ်ပြခန်းလို အဆင်အပြင်တွေကိုလည်း တွေ့နိုင်ပါတယ်။
တန်ဖိုး - ဒေါ်လာ သန်း ၁၅၅
ကမ္ဘာ့တန်ဖိုးအကြီးဆုံး အိမ် ၁၀ အိမ် စာရင်းထဲကို ပထမဆုံးဝင်လာတဲ့ ရေခဲလျှောစီး သူများ တည်းခိုတဲ့ ဂေဟာစခန်း ဖြစ်ပါတယ်။ ရေခဲလျှောစီးနဲ့ ဂေါက်သီးကစားတဲ့ သန်းကြွယ်သူဌေးတွေသာ လက်လှမ်းမီတဲ့ ‘ယဲလိုးစတုန်းကလပ်အသင်း’ တည်းခိုးခန်းစခန်းတွေထဲမှာ အကြီးဆုံးလို့လည်း ဆိုပါတယ်။ တင်းမ်ဖလစ်ဆက်နဲ့ အက်ဒ်ရာဖလစ်ဆက်တို့ ဇနီးမောင်နှံပိုင်တဲ့ ဒီတည်းခိုစခန်းကြီးမှာ အိပ်ခန်း ၁၀ ခန်းရှိပြီး အခန်းတိုင်းမှာ အပူပေးကြမ်းခင်းခန်းလုံးပြည့် ခင်းထားတယ်။ မီးဖိုတစ်ခုစီနဲ့ မြေအောက်ဝိုင်သိုလှောင်ခန်း တစ်ခုစီလည်း ဖြည့်ဆည်းထားပါတယ်။
ဖရန်ချပ်ဗီလာ (လန်ဒန်မြို့၊ ကင်ဆင်တန်ဒေသ)
တန်ဖိုး - ဒေါ်လာသန်း ၁၆၁
ဝိတိုရိယ ဘုရင်မလက်ထက်က မိန်းကလေးကျောင်းတစ်ကျောင်းဖြစ်
ဟာ့စ်မဲင်းရှင်း(ဘီဗာလီဟေးဟ်မြိ
တန်ဖိုး - ဒေါ်လာသန်း ၁၆၅
‘ဟာ့စ်ဂေဟာ’ လို့ အမည်တွင်တဲ့ ဒီအိမ်ကြီးကို ကွယ်လွန်သူ ဝီလျံရန်းဒေါ့ဟတ်စ် ပိုင်ဆိုင်ခဲ့ပါတယ်။ အိပ်ခန်း ၂၉ ခန်းနဲ့ ရေကန်သုံးခု၊ ဒစ္စကိုတေးဂီတကခန်းနဲ့ ပြဇာတ်ရုံများ ရှိပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ် တချို့ရဲ့ နေအိမ်တွေနဲ့လည်း နီးတယ်။ ကွယ်လွန်သူ အမေရိကန် သမ္မတဟောင်း JFK မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်တု
Ref: The Myanmar Times
ဖဲဖီးပွန်း (ဟမ်းတန်မြို့၊ အမေရိကန် ပြည်ထောင်စု)
တန်ဖိုး- ဒေါ်လာသန်း ၁၇၀
လူသူနဲ့ နီးရာမှာ မနေလိုတဲ့ ကုဋေကြွယ် သူဌေးကြီး အီရာရန်းနာ့တ် ပိုင်တဲ့ မြေကွက်အကျယ် ၆၃ ဧကပေါ်မှာ ရှိတဲ့ ဒီအိမ်ကြီးနဲ့ ခြံမြေယာကြီးဟာ အမေရိကန်မှာ အကျယ်ဆုံး လူနေအိမ်ကြီးပဲလို့ ဆိုပါတယ်။ အိပ်ခန်း ၂၉ခန်း၊ ရေချိုးခန်း ၃၉ခန်း၊ ထမင်းစားခန်းကြီး တစ်ခန်း၊ အားကစားကွင်းငါးခု၊ ဘိုလင်းဘောလုံးပစ် ကစားကွင်းနဲ့ ဒေါ်လာ ၁၅၀,၀၀၀တန် ရေနွေးချိုးကန်တစ်ခု ထည့်သွင်းဆောက်လုပ် ထားပါတယ်။
ပင့်ဟောက်စ် (လန်ဒန်မြို့) တန်ဖိုး - ဒေါ်လာ သန်း၂၀၀
ကမ္ဘာပေါ်မှာ တန်ဖိုးအများဆုံး အိပ်ခန်းပါပဲ။ လန်ဒန်မှာ လူအများဆုံး နေချင်ကြတဲ့ ဟိုက်ဒ်ပတ်ဥယျာဉ်လမ်းအမှတ် (၁) အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ရှိပါတယ်။ အဆောက်အအုံတစ်ခုလုံးကို လုံခြုံရေးဝန်ထမ်းတွေ အထူးတာဝန်ယူထားပြီး အစိုးရိမ်လွန်ပြီး ထိတ်လန့်ကြောက်ရွံ့နေသူများအတွ
ဗစ်လာလီယိုပိုဒါ (ပြင်သစ်နိုင်ငံ၊ ဖရင့်ခ်ျရစ်ဗီးယားရားကမ်းခြေ) တန်ဖိုး - ဒေါ်လာသန်း ၅၀၆
ဖရဲင့်ခ်ျရစ်ဗီးယားရားကမ်းခြေမှ
အန်တေလာဂေဟာ (မွမ်ဘိုင်းမြို့၊ အိန္ဒိယနိုင်ငံ) တန်ဖိုး - ဒေါ်လာသန်း ၁,၀၀၀
၂၇ ထပ် မျှော်စင်အဆောက်အအုံ၊ စုစုပေါင်း အကျယ်အဝန်း စတုရန်းပေ ၄၀,၀၀၀ ရှိပြီး မှန်ထည်တွေကို အဓိက သုံးထားပေမယ့် ကြမ်းခင်းတွေ အထပ်တစ်ထပ်နဲ့ တစ်ထပ် မတူတာက ထူးခြားချက် ဖြစ်နေပါတယ်။ ပိုင်ရှင်နှစ်ဦး ဖြစ်တဲ့ မူးကက်ရှ်နဲ့ နီတာအမ်ဘာနီတို့က ဒီအိမ်ကြီးမှာ အိမ်ဖော်ပေါင်း ၆၀၀ နဲ့ နေထိုင်ကြတယ်။
ခြောက်ထပ်ရှိတဲ့ ယာဉ်ရပ်နားစခန်းတစ်ခု၊ အခန်းတွင်း အခန်းပြင် ယမကာ ကောင်တာတွေ၊ စိမ်းရောင်စို အပန်းဖြေစခန်းတွေရှိတယ်။ မနီးမဝေးမှာ လုံခြုံရေး ဝန်ထမ်းတွေနဲ့ အခိုင်းအစေကူဖော်လောင်ဖက်တွေအတွ