အိမ်မက်တွေအရောင်ဆိုးခဲ့တဲ့နင့်ကို
ငါမျက်စိမှိတ်လိုက်ချင်တယ်
ပုံအောပြီးလောင်းခဲ့တဲ့
နှလုံးသားတစ်ခုအတွက်
လျှော်ကြေးပြန်ရလိုက်တာ
နာကျင်စရာတွေလား
အတ္တတွေအရည်ဖျော်ပြီး
မာနတွေထွေးအံခဲ့တဲ့ငါ
ညှို့ချက်ပြင်းတဲ့နင့်မာယာအောက်မှာ
ဒူးထောက်ခဲ့ရတာပါ
ကံကြမ္မာစေစားလို့
ေ၀၀ါးခဲ့ရတယ်ဆိုရင်လည်း
ငါ့အပြစ်နဲ့ငါပေါ့
ပျောက်ကွယ်သွားတော့မယ့်
မျက်ရည်စတွေမှာ
အမုန်းမဖက်နိုင်တဲ့နင့်ကို
အပြုံးမပျက်ဘဲ
ပစ်စလက်ခတ်မေ့လိုက်ချင်ပြီ
တစိမ့်စိမ့်နာကျင်ခဲ့ပေမဲ့
အတောမသတ်နိုင်တဲ့ငါရင်အတွက်
အဆုံးသတ်အဖြေဟာ
ခွင့်လွှတ်ခြင်းတဲ့လား
ငါမျက်စိမှိတ်လိုက်ချင်တယ်
ပုံအောပြီးလောင်းခဲ့တဲ့
နှလုံးသားတစ်ခုအတွက်
လျှော်ကြေးပြန်ရလိုက်တာ
နာကျင်စရာတွေလား
အတ္တတွေအရည်ဖျော်ပြီး
မာနတွေထွေးအံခဲ့တဲ့ငါ
ညှို့ချက်ပြင်းတဲ့နင့်မာယာအောက်မှာ
ဒူးထောက်ခဲ့ရတာပါ
ကံကြမ္မာစေစားလို့
ေ၀၀ါးခဲ့ရတယ်ဆိုရင်လည်း
ငါ့အပြစ်နဲ့ငါပေါ့
ပျောက်ကွယ်သွားတော့မယ့်
မျက်ရည်စတွေမှာ
အမုန်းမဖက်နိုင်တဲ့နင့်ကို
အပြုံးမပျက်ဘဲ
ပစ်စလက်ခတ်မေ့လိုက်ချင်ပြီ
တစိမ့်စိမ့်နာကျင်ခဲ့ပေမဲ့
အတောမသတ်နိုင်တဲ့ငါရင်အတွက်
အဆုံးသတ်အဖြေဟာ
ခွင့်လွှတ်ခြင်းတဲ့လား