မှိုင်းရီရီ ညို့မှိုင်းမှိုင်း
တောင်တန်းကြီးတွေနဲ့
စိမ်းစိုစို လယ်ကွင်းကြီးတွေ မြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
ကြည်လင်စွာနဲ့စီးနေတဲ့
ပြာနှမ်းနှမ်းမြစ်ဧရာကိုမြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
နွေခေါင်ခေါင်..........
မာန်အပြည့်နဲ့
ရက်စက်စွာ...နေသူရိန်မြင်တိုင်း
အမေ့ဘ၀အတွက်အမေ့ကိုစာနာမိတယ်
အိမ်နဲ့ဝေးအမေနဲ့ဝေးလို့
စိတ်မချဘဲနဲ့တော့ မနေပါနဲ့အမေ
မဆီမဆိုင်ဆွေမျိုး
သားမှာ....ရှိတယ်အမေ............။
တောင်တန်းကြီးတွေနဲ့
စိမ်းစိုစို လယ်ကွင်းကြီးတွေ မြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
ကြည်လင်စွာနဲ့စီးနေတဲ့
ပြာနှမ်းနှမ်းမြစ်ဧရာကိုမြင်တိုင်း
အမေနဲ့ရွာကိုလွမ်းတယ်
နွေခေါင်ခေါင်..........
မာန်အပြည့်နဲ့
ရက်စက်စွာ...နေသူရိန်မြင်တိုင်း
အမေ့ဘ၀အတွက်အမေ့ကိုစာနာမိတယ်
အိမ်နဲ့ဝေးအမေနဲ့ဝေးလို့
စိတ်မချဘဲနဲ့တော့ မနေပါနဲ့အမေ
မဆီမဆိုင်ဆွေမျိုး
သားမှာ....ရှိတယ်အမေ............။