လွန်ခဲ့သော အင်္ဂါနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟောင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းအတွင်း တရားမ၀င် ကိုယ်ဝန်ဖျက်ချထားသော ကလေးငယ်အလောင်းပေါင်း ၂၀၀၀ ကျော် ကို ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့ကြကြောင်း အေပီ သတင်းတစ်ပုဒ်အရ သိရသည်။
အလောင်းများမှာ အရိုးစု ၃၀၀ ကျော်ကို မြေအောက်၌ စတင်တွေ့ရှိခဲ့ကြပြီးနောက် သောကြာနေ့က တာဝန်ရှိသူများ၏ ထပ်မံ၇ှာဖွေချက်အရ ကျောင်း၏ အအေးတိုက်အတွင်း ကလေးငယ် အလောင်းပေါင်း ၂၀၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အလောင်းများကို နှစ်အတန်ကြာ ကွယ်ဝှက် ထားခဲ့ခြင်း ဖြစ်ပြီး တရားမ၀င် ကိုယ်ဝန် ဖျက်ချခြင်းမှ ဖြစ်ပေါ်လာသော အလောင်းများ ဖြစ်ကြသည်။ အနီရောင် ထိုင်းစာလုံးများကို အဖြူေ၇ာင် ပလပ်စတစ်အိပ်များပေါ်တွင် ရေးသားထားသော အလောင်းထုတ်ပိုး အိတ်များကို တရုတ်ရိုးယာ ၀ိညာဉ်ပူစော်ပသသည့် ပုံစံဖြင့် ပြုလုပ်ထားသည်ကို ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ၀န်ထမ်းများ ပရဟိတ အလုပ်သမားများက တွေ့ရှိခဲ့ကြသည်။
ထိုင်းနိုင်ငံ၏ ဘုန်းကြီးကျောင်းများတွင် ကွယ်လွန်သွားကြပြီ ဖြစ်သော အလောင်းများ၏ ၀ိညာဉ်များကို ဘ၀တစ်ပါးတွင်အားသစ် လောင်း၍ ကောင်းမွန်စွာ နေထိုင်နိုင်စေရန် နို့နှင့် ငှက်ပြောသီးများ လှူဒါန်းပြီး ဆုတောင်း မေတ္တာပို့ကြသည့် ပွဲများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း အထောက်အထားများ တွေ့ရှိခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုနှင့်ပတ်သက်၍ တရားဝင် ခွင့်ပြုထားသော အခြေအနေ သုံးရပ်ရှိပြီး အမျိုးသမီးသည် မတရား အကျင့်ခံရခြင်း၊ ကိုယ်ဝန်ဆောင်နေစဉ် ကျန်းမာရေးကို ထိခိုက်လောက်သည်အထိ အခြေအနေဆိုးရွားလျက်ရှိခြင်း၊ သဒ္ဓေသားသည် ပုံသဏ္ဍာန်မမှန်ဖြစ်နေခြင်းများကိုသာ တရားဝင် ဖျက်ချခွင့် ပေးသည်။
ထိုင်းနိုင်ငံတွင် လိင်မှုဆိုင်ရာ စီးပွါးရေး လုပ်ကိုင်စားသောက်များ အလွန်များပြားလွန်းပြီး အဆိုပါ စီးပွါးရေးနှင့် ပတ်သက်ပြီး အတိုက်အခံ ကာကွယ်သူများနှင့် ဗုဒ္ဓဘာသာ ကိုင်း၇ှိုင်းသူများက လိုက်လျောညီထွေ ခွင့်ပြုထားသော ကိုယ်ဝန်ချက်ချသည့် ဥပဒေကို ဆန့်ကျင်သည့် အုပ်စုက တစ်ဖက် ဖြစ်နေကြသည်။
ဝန်ကြီးချူပ် အဘီဆစ်က "တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းတွေကို တားမြစ်ရာမှာ ဥပဒေကြီး တစ်ခုလုံးကို ဗြောင်းပြန်လှန်ရမယ့် အခြေအနေဖြစ်နေပါတယ်။ အုပ်ချူပ်ရေးပိုင်း အနေနဲ့ ဆွေးနွေးညှို့နှိုင်းနေပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေဟာ အခြေအနေနဲ့ ကိုက်ညီပြီး လုပ်သာ လှည့်သာ အနေအထားတော့ ရှိပါသေးတယ်" ဟုပြောကြားခဲ့သည်။
ကိုယ်ဝန် ဖျက်ချခြင်း ကိစ္စနှင့် ပတ်သက်ပြီး လူအတော်များများနှင့် တရားမ၀င် ဆေးခန်းများကို အရေးယူမှုများ ဆောင်ရွက်လျက် ရှိနေပြီး ဖမ်းဆီးခံရသူများသည် ထောင်ဒဏ် တစ်နှစ် နှင့် ဒေါ်လာ ၆၇ ဒေါ်လာခန့် ကျခံ ပေးဆောင်ရမည် ဖြစ်သည်။ ဆေးခန်းများမှ ၀န်ထမ်းများ အနေဖြင့်လည်း ရဲဌါန၏ ခိုင်လုံသော အထောက်အထားများဖြင့် တွေ့ရှိပါက ထောင်ဒဏ် ၅ နှစ်နှင့် ဘတ်ငွေ တစ်သောင်း ဒေါ်လာ ၃၃၃ ဒေါ်လာ ပေးဆောင် ရမည် ဖြစ်သည်။
အလောင်းများကို နှစ်ကာလ ကြာရှည်ပြီ ဖြစ်သဖြင့် မီးရှို့ သဂြိုလ်ရမည် ဖြစ်သော်လည်း ယခုအချိန်အထိ မီးမရှို့ခြင်းက မေးခွန်းထုတ်စရာ တစ်ခု ဖြစ်နေသည်။ ထိုင်းနိုင်ငံတွင် နှစ်စဉ် နှစ်တိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၆ သောင်းခန့်သည် ကိုယ်ဝန် ပျက်ကျခြင်းနှင့် ရှစ်သောင်းခန့်သည် တ၇ားဝင် ကိုယ်ဝန်ဖျက်ချခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ကျန်းမာရေး ၀န်ကြီး ဂျူရင်းက တရားမ၀င် ကိုယ်ဝန်ဖျက်ချခြင်းနှင့် ပတ်သက်သော ပမာဏကိုမူ ထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိပေ။

credit mmdailynews