သားသားကြောက်ကြောက်
အမေလုပ်သူနဲ့ဆေးခန်းကိုလိုက်သွားတဲ့သုံးနှစ်သားကလေးလေးတယောက်ကသူ့ဘေးမှာလာထိုင်တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီး
တယောက်ကိုတအံ့တဩကြည့်ပြီးအနားကပ်သွားတယ်ပြီးတော့
"အန်တီဘာလို့ဗိုက်ကြီးပူနေတာလဲဟင်"အမျိုးသမီးလဲချစ်စရာစကားတတ်တဲ့ကလေးလေးကိုကြည့်ပြီး
"အန်တီဗိုက်ထဲမှာသားသားလိုချစ်စရာကောင်းတဲ့ကလေးလေးရှိလို့ပေါ့ကွယ်"
ကလေးငယ်ကမျက်လုံးဝိုင်းကြီးတွေနဲ့"တကယ်လားဟင်"
အမျိုးသမီးက"တကယ်ပေါ့သားသားရဲ့"
"သူကလိမ္မာလားဟင်""လိမ္မာတာပေါ့သားရဲ့"
အမျိုးသမီးရဲ့စကားကိုလဲကြားရောပိုပြီးအံ့ဩကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့အမျိုးသမီးကိုမေးလိုက်တာက
"သူကလိမ္မာရဲ့သားနဲ့အန်တီကဘာလို့သူ့ကိုစားပြစ်လိုက်ရတာလဲ"
တော်လိုက်တဲ့ငါ့သား
ကောင်လေးတယောက်ကဈေးကနေပြီးတော့ကြက်တွေထည့်ထားတဲ့ခြင်းတောင်းကိုဆွဲပြီးပြန်လာပါတယ် သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့သူ့ကိုကြက်တွေအရင်ယူသွားခိုင်းတာပါ။ကောင်လေးလဲအဖေ့ရဲ့ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့
ပျော်ရွှင်စွာနဲ့ပြန်လာတယ်ဒါပေပမယ့်ကံဆိုးစွာပဲရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကိုရပ်ကွက်တခွင်ပြဲပြဲစင်အောင်လိုက်ဖမ်းရင်းမိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊
ဒါနဲ့ကြက်ခြင်းကိုအဖေ့ကိုပေးပြီးလမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့ ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီးသူ့သားကိုပြောလိုက်တာက
တော်လိုက်တဲ့ငါ့သားအဖေပေးလိုက်တဲ့ကြက်၇ကောင်ကိုနေ့ခြင်းပွါးအောင်လုပ်ပြစ်လိုက်နိုင်တာပဲတဲ့
ကလေးအတွေး
၆နှစ်အရွယ်ကလေးတယောက်ကသူ့ဖေဖေကိုမေးသတဲ့ ' ဖေဖေကလေးလေးတွေဘယ်လိုဖြစ်လာတာလဲဟင်'
အဖေလုပ်သူကလဲ'မင်းမေမေကိုမေးကြည့်သားရယ်'တဲ့
ကလေးကလဲသူ့အမေကို'မေမေကလေးလေးတွေဘယ်လိုဖြစ်လာတာလဲဟင်'ဆိုတော့
သူအမေက'မင်းဖေဖေကိုမေးကြည့်သားရယ်လို့ပဲပြောလိုက်တယ်
အဲဒီစကားကိုလဲကြားရော ကလေးကခဏစဉ်းစားပြီး ဝမ်းပမ်းတနဲနဲ့
"သားကအမေတို့အဖေတို့သားမဟုတ်တာသေချာပါပြီ သားဘယ်လိုဖြစ်လာသလဲဆိုတာအမေရောအဖေရောဘယ်သူမှမသိကြဘူး"