မေ ၂၀၀၇ မှာ မက္ကဆီကို လယ်ကွင်း တစ်ခုမှာ လယ်သမားတစ်ဦးဟာ ဂြိုဟ်သားလို့ ယူဆရတဲ့၊ ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် ကို တွေ့ ရှိခဲ့ပါတယ်။ လယ်သမားက ကြောက်လန့်ပြီး ရေနှစ်သတ်ခဲ့ပါတယ်။ ၂၀၀၈ နှစ်ကုန်ပိုင်းကစပြီး ပညာရှင်တွေက ဒီဂြိုဟ်သား ကိုယ်ခန္ဓာကို သုတေသန ပြုလုပ်ခဲ့ကြရာမှာ ထူးခြားဆန်းကြယ်မှုတွေကို ပိုပို တွေ့လာရပါတယ်။ လေ့လာသူ သိပ္ပံပညာရှင်တွေက ဒီသတ္တ၀ါဟာ တစ်ခြားဂြိုဟ်တစ်ခုကနေ ရောက်ရှိလာတဲ့ ဂြိုဟ်သားတစ်ဦးများလားလို့ တွေးထင် ယူဆနေကြပါတယ်။ ဒီလိုသတ္တ၀ါမျိုးကို ကမ္ဘာပေါ်မှာ တစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ သူရဲ့ခန္ဓာကိုယ်က အိမ်မြှောင် နဲ့ လူရဲ့ လက္ခဏာတွေရှိနေပြီး၊ ဦးနှောက်က အတော်လေး ကြီးပါတယ်။ ဥာဏ်ရည်ထက်မြက်တဲ့ ပုံ ရှိပါတယ်။
အောက်မှာ ဗီဒီယိုနဲ့ ဖော်ပြထားပါတယ်။
အဲဒီ လယ်ကွင်းပြင်တစ်ဝိုက်မှာ အမျိုးအမည်မသိ ယာဉ်ပျံတွေ မကြာခဏတွေ့ရှိခဲ့ပါတယ်။ ဒီအကောင်လေးကို ဂြိုဟ်သားတွေ ချန်ထားခဲ့ကြသလားဆိုပြီး သံသယ ရှိနေကြပါတယ်။ လယ်သမားတွေဟာ နောက်ထပ် ဂြိုဟ်သားတစ်ဦးကိုလည်း တွေ့ရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောကြပါတယ်။
(စာကြွင်း။ အဲဒီလယ်သမားဟာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ လူတွေက ဒါဟာ ဂြိုဟ်သားလေးရဲ့ မိဘတွေက ပြန်ပြီး လက်စားချေသွားတာလို့ ထင်နေကြပါတယ်)။