(၁) ချစ်သူဘ၀ ။ ။ အလကားနေရင်း အကြည့်ချင်းဆုံ၏
အိမ်ထောင်သည်ဘ၀ ။ ။ အကြည့်ချင်းဆုံလျှင်လည်း အလကားဖြစ်၏
(၂) ချစ်သူဘ၀ ။ ။ အလကားနေရင်း ချစ်သူကို တမ်းတ၏
အိမ်ထာင်သည်ဘ၀ ။ ။ ချစ်သူကိုတမ်းတသော်လည်း အလကားဖြစ်၏
(၃) ချစ်သူဘ၀ ။ ။ ကလေး ဘယ်နှစ်ယောက်ယူလိုက်မည်ဟု စိတ်ကူး၏
အိမ်ထာင်သည်ဘ၀ ။ ။ စိတ်ကူးသည့်အတိုင်း ကလေးမယူ ဖြစ်ခဲ့ရင် အကောင်းသားဟုတွေး၏
(၄) ချစ်သူဘ၀ ။ ။ ကိုယ်ပိုင်ဆိုင်သမျှသူ့အားပေးလို၏
အိမ်ထာင်သည်ဘ၀ ။ ။ ကိုယ်ပိုင်ဆိုင်သမျှ ဘဏ်တွင် တိတ်တိတ်လေး ထားလို၏
(၅) ချစ်သူဘ၀ ။ ။ မွှန်နေသော်လည်း ကိစ္စရှိဟုဆို၏
အိမ်ထာင်သည်ဘ၀ ။ ။ ကိစ္စရှိမှ မွှန်၏
(၆) ချစ်သူဘ၀ ။ ။ တစ်ယောက်နှင့်တစ်ယောက် ဖုန်းပြောပါက တိုးတိုးလေးပြော၏
အိမ်ထာင်သည်ဘ၀ ။ ။ ဖုန်းထဲမှ အော်လိုက်ရသည်ကိုပင် အားမရ။
(၇) ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်း ကဗျာရေးဖွဲ့၏
အိမ်ထာင်သည်ဘ၀ ။ ။ ကဗျာရေးသူ ငနူ။
(၈) ချစ်သူဘ၀ ။ ။ သူငိုလျှင် ကိုယ်လိုက်ငို၏
အိမ်ထာင်သည်ဘ၀ ။ ။ သူငိုလျှင် TV အစီစဉ်တွေကောင်းပြီ။
(၉) ချစ်သူဘ၀ ။ ။ သူ့မွေးနေ့ကို အလွတ်ရ၏
အိမ်ထာင်သည်ဘ၀ ။ ။ ကိုယ့်မွေးနေ့ကိုပင် အလွတ်မရ။
(၁၀) ချစ်သူဘ၀ ။ ။ လူတောထဲတွင် လက်ချင်းချိတ်၍သွားလေ့ရှိ၏
အိမ်ထာင်သည်ဘ၀ ။ ။ လူတောထဲတွင် မျက်စောင်းချင်းချိတ်၍ သွားလေ့ရှိ၏
(၁၁) ချစ်သူဘ၀ ။ ။ အစာစားလျှင် ခွံ့ကျွေးမှ ကြိုက်၏
အိမ်ထာင်သည်ဘ၀ ။ ။ အစာစားလျှင် ဇွန်းကိုင်လိုက်မှာ ကြောက်၏
(၁၂) ချစ်သူဘ၀ ။ ။ အချစ်သီချင်းများသာ နားထောင်၏
အိမ်ထာင်သည်ဘ၀ ။ ။ ကက်ဆက်အကြောင်းသာ ပြော၏
(၁၃) ချစ်သူဘ၀ ။ ။ ချစ်သူအကြောင်းသာပြော၏
အိမ်ထာင်သည်ဘ၀ ။ ။ သံသရာမှ လွတ်မြောက်ရာအကြောင်းသာတွေး၏
(၁၄) ချစ်သူဘ၀ ။ ။ ချစ်သူလုပ်သမျှ စိတ်ဝင်စား၏
အိမ်ထာင်သည်ဘ၀ ။ ။ လူပေါင်းမှားခဲ့သည့်အတွက် ရင်ထုမနာဖြစ်၏
--
..................
Lin Linn