ပြီးရင် ဘော့စ် သဘောကျအောင် ကြိုးစားကြမယ်လေ...
- သင့်ကို ပုံမှန် အကဲဖြတ်တာမျိုး လုပ်လား။
- ရံဖန်ရံခါဆိုသလို နေ့လည်စာ အတူစားဖို့ ခေါ်လား။
- အရေးကြီး အစည်းအဝေးတွေကြောင့် ကိုယ့်ကို အရေးတယူ အသိပေးလား။
- ထူးထူးချွန်ချွန် လုပ်ဆောင်မှု့အပေါ် ဆုချလား။
- အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အခါ ကိုယ့်ဆီက အကူညီတောင်းလား။
တကယ်တမ်းအားဖြင့် အထက်ပါ ငါးချက်မှာ အနည်းဆုံး အကွက်သုံးခုမှာ အမှန်ဖြစ်တာမျိုး ဖြစ်ရပါမယ်။
အလုပ်ရှင်က ရာထူးတိုး မပေးရင်တောင်မှ သူက ရှင့်ကိုသဘောကျတယ်ဆိုရင်.....
ရှင့်အပေါ်မှာ သူကကျိန်းသေလေးစားမှု့ရှိမှာပဲ လို့ အလုပ်လမ်းညွှန်ဆရာမ နီကိုးဝီလ်ယမ်က ပြောပါတယ်။
တကယ်လို့ အလုပ်ရှင်က ကိုယ့်ကို ချီးကျူးတာလဲ မလုပ်ဘူး ၊ ကိုယ့်အပေါ် အလေးထားတာလဲမရှိဘူးဆိုရင် ကိုယ့်အပေါ်သူအမြင် မကြည်တာ ထင်ရှားတယ်။
ဒီတော့ အလုပ်ရှင်ဆီမှာ မျက်နှာသာရဖို့ အတွက် အောက်ပါနည်းဗျူဟာတွေကို ကျင့်သုံးနိုင်ပါတယ်ဆိုတာ ဝေမျှ ပေးလိုက်ပါတယ်နော်..
ဒီဗျူဟာတွေက ဘယ်အလုပ်ရှင်အတွက်မဆို အကျုံးဝင်ပါတယ်။
1- ပြင်စရာရှိတာ ပြင်ပါ
ကိုယ်က အလုပ် စောစောလာဖို့ လိုလား ၊ တာဝန် ပိုယူဖို့ လိုမလား ၊ အ၀တ်အစားကို ပိုပြီး ပရော်ဖက်ရှင်နယ်ကျကျ ၀တ်ဖို့လိုနေလား ၊
ကိုယ့်ဟာကိုယ် တိုးတက်ကောင်းမွန်အောင် ချက်ချင်းလုပ်နိုင်တဲ့ အချက်သုံးချက်ကို စာရင်းချကြည့်ပါ ။
ဒါနဲ့မှအဆင်မပြေသေးဘူး ဆိုရင်တော့ ယုံကြည်ရတဲ့ အခင်ဆုံးသူငယ်ချင်း (သို့) လုပ်ဖော်ကိုင်ဖက်ကို
ကိုယ်ဘာလိုအပ်နေလဲဆိုတာမေးပြီး အကြံဥာဏ် တောင်းကြည့်လို့ ဆိုပါတယ်။
2- ကြယ်တစ်ပွင့်လို နေပါ
ကိုယ့်ကိုယ်ကို မယုံကြည်တာမျိုး ၊ စိတ်မချတာမျိုး မဖြစ်ပါစေနဲ့တဲ့ ။
ကိုယ်ဟာ မလုံခြုံဘူးဆိုတဲ့ ခံစားချက်မျိုးကို မလိုချင်ဘူး မဟုတ်လား ။
ကိုယ့်တန်ဖိုးကို ကိုယ်တိုင်မှ မယုံရင် ဘယ်သူကလာယုံမှာလဲ ။ ကိုယ့်မှာ အစွမ်းအစရှိတယ် ၊ တန်ဖိုးရှိတယ်လို့ ခံယူထားရမယ်။
3-အပြုသဘော ဆောင်ပါ
ကိုယ်က အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ် ၊ ဒါပေမယ့် လုပ်ငန်းတာဝန်တွေကို ငါလုပ်နိုင်တယ်ဆိုတဲ့ အမြင်နဲ့ပဲ ချဉ်းကပ်ပါ။
ဒီလိုတော့ဖြင့် အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ စိတ်မျိုးမထားပါနဲ့ ။
ကိုယ်က အမြဲတက်တက်ကြွကြွရှိရင် လူကြီးကသဘောကျတာ ချည်းပါပဲ။
မဖြစ်နိုင် ၊ မတက်နိုင်ဆိုတဲ့ လူမျိုးကို ဘယ်လူကြီးကမှ သဘောကျမှာ မဟုတ်ပါဘူး။
4-ဘက်စုံပါစေ
ကိုယ်ချစ်တဲ့သူနဲ့ နီးစပ်အောင် ကြိုးစားရတဲ့အခါမျိုးမှာ.....
သူနဲ့ ၀ါသနာချင်း ၊ စိတ်ဝင်စားတာချင်း တူတယ်ဆိုတာမျိုးနဲ့ ကြိုးစားရတဲ့ အခါတွေလဲ ရှိတက်တယ် မဟုတ်လား ။
ဘော့စ်နဲ့အဆင်ပြေအောင်လုပ်တာမှာလည်း အဲဒါမျိုး လုပ်ရမှာတွေ ရှိပါတယ်။
ကိုယ်က အပြေးပြိုင်ပွဲတစ်ခု အတွက်လေ့ကျင့်နေတာ ၊ အများအကျိုးဆောင် လုပ်ငန်းတစ်ခုမှာ စေတနာ့ဝန်ထမ်း ၀င်လုပ်နေတာကို
ဘော့စ် က သိသွားတဲ့အခါမျိုးမှာ...
သြော်... ဒီကလေးမက တက်တက်ကြွကြွ ရှိသားပဲ ၊ သူ့မှာ ရည်မှန်းချက်တွေ ရှိသားပဲဆိုပြီး ကိုယ့်အပေါ် ပိုပြီး အမြင်ကြည်လာနိုင်ပါတယ်။
ကိုယ့်ဘက်က လိုအပ်ချက်တွေ လိုက်ပြင်ပြီးတဲ့အခါ ဒီလိုလေးအဆင်ပြေသွားမှာပါနော်.....:)))
Forward Mail မှ ကူးယူဖော်ပြပါသည်...
--
..................
Lin Linn