linlinn: ဟီရိသြတပ္ပတရားနဲ့ဆိုင်တဲ့ အကြောင်းအရာမှန်သမျှရနိုင်သလောက်
အကုန်လိုချင်ပါတယ်။ ဒီတခေါက်လည်း ကူညီပေးကြပါဦးနော် ။ကျေးဇူးတင်ပါတယ်။
ဧကရီ: ကိုလင်းလင်း မေးထားတဲ့မေးခွန်းဖြစ်တဲ့ဟီရိသြတပ္ပတရားနဲ့ဆိုင်တဲ့ အကြောင်းအရာတွေက အများကြီးရှိပါတယ်.အကျဉ်းချူပ်လေးပဲ တင်ပေးလိုက်ရပါတယ်ရှင်။ "ရှက်စိတ်ဆိုတာဟာ ခေတ်တွေပြောင်းလဲလာတဲ့နဲ့ အမျှအဓိပ္ပာယ်ဖွင့်ဆိုချက်တွေလည်းပြောင်းလည်းသွားကြပြီဖြစ်ပါတယ်။ တစ်ချိန်ကရှက်စရာဟာ နောင်တစ်ချိန်ကျတော့ ရှက်စရာမဟုတ်တော့ပါဘူး။ရှက်စရာဆိုတာဟာ ဘာတွေကိုခေါ်တာလဲလို့တောင်ပြောဖို့ ခက်လာပါတယ်" ။ ဒါကြောင့် အကုန်လုံးနီးပါးရှာဖွေ တင်ပြချင်ပါတယ် ..ဒါပေမဲ့အခြေအနေအကြောင်းကြောင်းကြောင့် စာရေးဆရာကြီးလူထုစိန်ဝင်း ရေးသားသမျှ အကျဉ်းလေးသာတင်ပြပေးလိုက်ပါတယ်ရှင့်။ အဆင်ပြေပါစေ။
..........................................................................................................
ဟီရိသြတပ္ပတရားဆိုသည်မှာ"ဟီရိသြတပ္ပတရားဆိုတာ မဟုတ်တာ ၊ မမှန်တာ ကိုလုပ်ရမှာ ရှက်ခြင်း ၊ ကြောက်ခြင်းပါပဲ။အဘိဓာန်မှာတော့ မကောင်းမှုမှရှက်ခြင်း ၊ မကောင်းမှုမှကြောက်ခြင်းဆိုပြီး အဓိပ္ပာယ်ဖွင့်ထားပါတယ်။ဒါပေမဲ့ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို မဖွင့်ဆိုတတ်သည့်တိုင် မဟုတ်တာ၊မမှန်တာ(မကောင်းမှု)လုပ်ရမှာ ရှက်စိတ် ၊ ကြောက်စိတ်ရှိရင် ဟီရိသြတပ္ပတရားနဲ့ ညီညွတ်တာပါပဲ " ဆိုပြီးတော့ စာရေးဆရာ ဖေမြင့်က ထောက်ပြပြောဆိုခဲ့ပါတယ် ။
"ဟီရိသြတပ္ပ ဆိုတဲ့ ရှက်ခြင်းတရားကြောင့် လူတွေဟာ ယဉ်ကျေးတဲ့သတ္တ၀ါလို့ အခေါ်ခံလာရတာပါ။ တိရိစ္ဆာန်တွေကတော့ ဟီရိသြတပ္ပ ဆိုတာနားမလည်ကြပါဘူး။ကိုယ်ဆာလောင်လာတဲ့အခါ ကိုယ့်ရှေ့မှာပေါ်လာတဲ့ ကိုယ့်ထက် အားနည်းတဲ့သတ္တ၀ါလေးတွေကို ဖမ်းယူစားသောက်ပစ်လိုက်တာပါပဲ။ အားနည်းသူကို အနိုင်ကျင့်တာဟာ ရှက်စရာပါလားလို့ သူတို့ တွေ မသိကြပါဘူး။သူ့ ထက်အားကြီးတဲ့ အကောင်ကြီးတဲ့ သတ္တ၀ါကိုတွေ့ ရင်တော့ သူဟာ အမြီးတန်းပြီးထွက်ပြေးမှာပါပဲ ။ ရန်သူကို ကျောပေးပြီးပြေးခြင်းဟာလည်း ရှက်စရာပါလားလို့ သူတို့ တွေ မတွေးတတ်ကြပါဘူး ။သူတို့ အတွက် အရေးအကြီးဆုံးကတော့ အသက်ရှင်နေထိုင်နိုင်ဖို့ ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် အရှက် ဆိုတဲ့အရာလေးတစ်ခုဟာ လူနဲ့ တိရိစ္ဆာန် ကိုစည်းခြားပေးထားတဲ့ အရာတွေထဲက အရေးကြီးတဲ့ အရာတစ်ခုလို့ ဆိုချင်ပါတယ် " ဟု ရှက်စိတ်ဆောင်းပါထဲ၌ ဆရာလူထု စိန်ဝင်းက ဆိုထားခဲ့သည် ။
ထို့ ပြင် ရှက်စိတ်သည် လူသားများကို ယဉ်ကျေးပြီး အဆင့်မြင့်သတ္တ၀ါများ အဖြစ်သို့ ရောက်ရှိစေရန် အတွက် အဓိက အခန်းကဏ္ဍမှနေပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း နှင့် " အရှက်နှင့်လူလူပ်တာ" " အရှက်ကို အသက်နဲ့ လဲမယ် " ဆိုသည့် စကားများကိုလည်း ဖြစ်ပေါ်လာခဲ့စေကြောင်း ထည့်သွင်းရေးသားထားခဲ့သည် ။
မျက်မှောက်ခေတ်နှင့်အရှက်အကြောက်တရား
မဟုတ်သည် ၊ မမှန်သည်ကို ပြောဆိုလုပ်ကိုင်ခြင်း ၊ မိမိ အကျိုးစီးပွားတစ်ခုတည်းသာကြည့်ပြီး တရားသည် ၊ မတရားသည် မစဉ်းစားပဲ မကောင်းသည့်အပြုအမူများကို သိလျက်နဲ့ ပင်လုပ်ကိုင်လာကြခြင်းသည် အရှက်အကြောက်တရား နည်းပါးလာခြင်း ကိုထောက်ပြလျက်ရှိနေကြာင်း သုံးသပ်သူများကလည်း ဆိုကြသည် ။
" မျက်မှောက်ခေတ်မှာ မဟုတ်တာကို လုပ်ကိုင်ရမှာ ရှက်တတ် ၊ ကြောက်တတ် တဲ့သူတွေအများကြီး ရှိနေပါသေးတယ်။ဒါပေမဲ့ သူတို့ ရဲ့ ထိန်းချူပ်တဲ့ အပြုအမူတွေက မထင်ရှားပဲ အရှက်အကြောက်မဲ့သူတွေရဲ့ အပြုအမူတွေက ထင်ရှားမြင်သာနေတဲ့အတွက် အမှတ်တမဲ့ ကြည့်ရင် အရှက်အကြောက် ကင်းမဲ့နေသလို ထင်ရပါတယ် " ဟု လည်း ဆရာဖေမြင့်က သုံးသပ်ခဲ့ပါသေးတယ်။
အရှက်အကြောက်တရားနှင့် နည်းပညာရိုက်ခတ်မှု
ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကတော့ .. ဒီဟာလေးပါပဲ ဗျာ။ ယနေ့ ခေတ်မှာ အရှက်အကြောက်တရားအပေါ် တန်ဖိုးထားမှု လျော့နည်းခြင်း အကြောင်းအရင်းများထဲမှာ နည်းပညာရိုက်ခတ်မှု များက အကြောင်းတစ်ချက်အနေနဲ့ ပါဝင်နေကြောင်း သိရပါတယ် ။ နည်းပညာ ရိုက်ခတ်မှုမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရားကင်းမဲ့လာပြီး ထိုမှတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ အရှက်အကြောက်တရား ကင်းမဲ့လာမှုများဆီသို့ ရောက်ရှိလာခဲ့ကြောင်း လို့ လည်းဆိုကြပါတယ် ။
ယနေ့ အချိန် (အင်တာနက် ခေတ်)၏ နည်းပညာရိုက်ခတ်မှုကြောင့် အရှက်အကြောက်တရား ကင်းမဲ့လာကြသူများထဲတွင် လူငယ်အများစု ပါဝင်လာခဲ့ခြင်းကလည်း စဉ်းစားသင့်သည့် အချက် တစ်ချက်ဖြစ်လာခဲ့ပါတယ်။
နည်းပညာ ကမ္ဘာအတွင်း လူအများ အလွယ်တကူ မမြင်နိုင်သည့် အတွက် မကောင်းမှုများကို စမ်းသပ်လုပ်ကိုင်ရာမှာ ပြင်ပနေထိုင်မှု အထိပါ မကောင်းမှုများပြုလုပ်ခြင်းများ ကူးစက်လာခဲ့သည်ကလည်း လူငယ်များအတွက် သတိထားစရာ အချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ဥပမာ ဆိုရရင် ကျွန်တော်တို့ ဆိုဒ်လေးထဲမှာတောင် အကို တစ်ယောက် ရေးသားတင်ပြဖူးပါတယ် ။ ညစ်ညမ်းခွေများ ရောင်းချမှု တားဆီးသင့်နေပြီဆိုတဲ့ ပိုစ့်လေး .. နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ .ကောင်းတဲ့ ဘက်က တိုးတက် သလို မကောင်းတဲ့ဘက်ကလည်း တိုးတက်တာ အရမ်းကို မြန်လွန်းနေပါတယ်။ အင်တာနက် ပေါ်မှာဆိုလည်း ညစ်ညမ်း Website တွေ အရမ်းကို များပြားပါတယ် ။ အဲ့ဒါတွေကြောင့် အရှက်အကြောက် တရားတွေကင်းမဲ့ခဲ့ရတဲ့ လူငယ်တွေလည်း တော်တော်လေးများပြားလာပါပြီ ။
အရှက်အကြောက်တရားနှင့်အသိဥာဏ်ပညာ
(၁) မိမိ၏ ပုဂ္ဂလအတ္တ ကိုထိပါးလာသည့်အခါ၌ ရှက်ခြင်း
(၂) မိသားစု အစရှိသည်မှ နိုင်ငံအထိပါဝင်သော မိမိ၏အုပ်စုကို ထိခိုက်လာသည့်အတွက် ရှက်ခြင်း
(၃) မိမိ၏ယုံကြည်ချက်ကို ထိပါးလာသည့်အတွက် ရှက်ခြင်း
(၄) မိမိထားရှိသော သစ္စာတရားကို သစ္စာဖောက်ရန်အတွက် ရှက်ခြင်း အစရှိသည့် အမျိုးအစားများဖြင့် ခွဲခြားထားပါသည်။
အရှက်အကြောက်တရားကို ဘယ်လို ထိန်းကြောင်းမလဲ
"ဒီနေ့ အင်တာနက် ခေတ်မှာ ယဉ်ကျေးမှုတွေဟာ နယ်နိမိတ် အထူအပါးမရှိကြတော့ဘူး ။ကိုယ့်ယဉ်ကျေးမှုအပေါ် တန်ဖိုးထားမှု အားနည်းနေမယ်ဆို ရင် ဟိရိုသြတပ္ပတရား ဆိုတဲ့ အရှက်အကြောက်တရားနှစ်ပါးစလုံး လျော့နည်းလာမှာပါ။ ဒီနေ့ ကမ္ဘာမှာရောမြန်မာမှာပါ အရှက်အကြောက်တရားတွေ မရှိကြတော့ဘူး။ လူတွေဟာ လက်နက်အားကိုးနဲ့ အကြမ်းဖက်လာကြတယ်၊ ဒီလိုတွေ ထပ်ခါ ထပ်ခါ ဖြစ်လာတဲ့ အခါမှာ အရှက်အကြောက်တရား တွေ အကြောင်းကို ကလေးတွေ ၊ လူငယ်တွေ သိရှိနားလည် လာအောင် လုပ်ဆောင်ကြပါလို့ ပြောချင်ပါတယ်" ဟု ဆရာလူထုစိန်ဝင်းကပြောပြခဲ့ပါတယ် ။