မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး.
အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.
ဟိုတယ်က ၀န်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်.
ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့.
ဝန်ထမ်းက သိတယ်တဲ့.
သူတို့တော်တော်ပျော်ကြလားလို့မေးတော့.
ပျော်တာထက်...တော်တော်ကဲကြတယ်ကွာလို့ပြောတယ်.
ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး
ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့
ဝန်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့
ယောက်ျားက အရမ်းပျော်သွားပြီး...
အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့..
ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့..............
ပန်းခြံထဲမှာ ခုံတန်းလေးပေါ်မှာချစ်သူ စုံတွဲ တီတီတာတာ
တွက်ထိုးနေသတဲ့။ အဲဒီ စုံတွဲနဲ့ဘေးကပ်ရပ် ခုံတန်းမှာ အဖိုးကြီးတစ်ယောက်
စာဖတ်နေရင်း ချစ်သူစုံတွဲတွက်ထိုးသမျှကိုကြားရတယ်ပေါ့။
ကောင်မလေးကပြောတယ်၊ မောင်ရယ်တဲ့ချစ်ချစ် ခေါင်းမှုသလိုလိုပဲတဲ့။ ဒါနဲ
့ကောင်လေးက နဖူးလေကို ကြင်ကြင်နာနမ်းရှိုက်ပေးပြီး
ခေါင်းမှုးတာသက်သာလားတဲ့ ကောင်မလေကိုမေးတယ်။သက်သာသွားတယ်
မောင်မောင်ရယ်တဲ့။
ကောင်မလေးက ဆက်ပြောတယ်၊ မောင်ရယ်..ချစ်ချစ်ဇက်ကြောတွေတက်လာပြန်ပြီတဲ့။
ဒါနဲ့ ကောင်လေးက ကောင်မလေးရဲလည်တိုင်ကို မွေးမွေးပေးလိုက်ပြီး
သက်သာသွားသလားမေရယ်တဲ့။ အခုမှကောင်းသွားတယ်မောင်ရယ်တဲ့။
ခဏကြာတော့ ကောင်မလေးက ပြောပြန်ရော..မောင်ရယ်..မေ့ လက်မောင်းတွေ
တဆစ်ဆစ်နာကျင်တယ်တဲ့.. ကောင်လေးကဒါဆို မေရယ်
မောင် မေ့ရဲ့ လက်မောင်လေးကိုနမ်းပေးမယ်တဲ့....
ချစ်သူစုံတွဲ တွက်ထိုးသမျှကိုကြားရတဲ့ အဖိုးကြီးက ကြာတော့
နားကြားပျင်းကပ်ကပ်ရှိတာနဲ့ထပြီး ပြောသတဲ့.. ဟေ့ဟေ့ ငါတူ ငါ့လည်းကူညီ
ပေးပါဦး.. ဦးဦးဖင်မှာ လိပ်ခေါင်းပေါက်နေလို့တဲ့..................
ဆေးရုံအုပ်။ ။ ကိုဘမောင်၊ ခင်ဗျားရဲ့မနေ့က လုပ်ဆောင်ချက်ဟာ ခင်ဗျားကို လူကောင်းတစ်ယောက်လို့ထောက်ခံနေပါတယ်။
မနေ့က ခင်ဗျားဟာ ရေထဲဆင်းပြီး ကိုယ့်ကိုကိုယ် သေကြောင်းကြံတဲ့ လူနာတစ်ယောက်ကို ကယ်တင်ခဲ့တယ်။
ဒီအတွက် ခင်ဗျားကိုကျနော် ဂုဏ်ယူစွာနဲ့ ဆေးရုံဆင်းခွင့်ပြုမယ်။
ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက မနေ့က ခင်ဗျားကယ်ခဲ့တဲ့ လူနာဟာဒီနေ့မနက်ပဲ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပြီဗျာ။
ကိုဘမောင်။ ။ ဟုတ်လား၊ စိတ်မကောင်းလိုက်တာဗျာ။
မနေ့ကညကတောင် သူ့အ၀တ်အစားတွေ ရေစိုနေလို့ ကျနော်သူ့ကို လည်ပင်းကနေ ကြိုးနဲ့ချိတ်ပြီးလှမ်းထားပေးလိုက်သေးတယ်။
ကျွတ်...ကျွတ်....ကျွတ်...
ဆာရာက အာဘရမ်ကို မေးသည်။
" အာဘရမ် ၊ အနုမြူဗုံးတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက်ရှိမယ်ထင်သလဲ ဟင် "
" ဒေါ်လာတစ်သန်းအောက် မလျော့ဘူးထင်တယ် "
" ကျွှန်မတို့ ခြံထဲကျလာရင် သိပ်ကောင်းမှာပဲနော် "
ရှာပုံတော်
ိဓာတ်တိုင်တစ်ခုကို ပတ်ပြီး ကိုချူချာ တစ်ခုခုကို သဲသဲမဲမဲ ရှာနေသည်။ ဖြတ်သွားသူတစ်ယောက်ကမေးသည်။
" ဟေ့လူ ၊ ဘာပျောက်လို့ရှာနေတာလဲ ၊ ညအချိန်မတော်ကြီး ။"
" ပိုက်ဆံ တစ်ရူဘယ် "
" ဒီနေရာမှာကျပျောက်တာလား"
" ဟင့်အင်း ၊ ဒီကနေငါးကိုက်အကွာမှာ ။ "
" ဒါဆို ဘာလို့ ဒီမှာရှာနေတာလဲ "
" ဒီမှာအလင်းရောင်ရှိလို့ "
ဘားတစ်ခုမှာ သူငယ်ချင်းသုံးယောက်ဆုံတော့ကိုယ့်မိန်းမကို ၀ယ်ပေးတဲ့
လက်ဆောင်ပစ္စည်း အကြောင်းပြောကြတယ်။ ပထမတစ်ယောက်က "ဟိုတလောက ငါ့မိန်းမကို
၆စက္ကန့်အတွင်း သုညကနေ ၁၀၀အထိ ရောက်သွားနိုင်တဲ့ ပစ္စည်းတစ်ခ
ဝယ်ပေးလိုက်တယ်" လို့ပြောတော့ ကျန်တဲ့ လူနှစ်ယောက်က ဘာပစ္စည်းမှန်း
မသိတော့ သူက " ငါ့မိန်းမကိုPorsche လုပ် ကားတစ်စီး ၀ယ်ပေးလိုက်တယ်လေ"
လို့ပြောတယ်။
ဒုတိယတစ်ယောက်ကလည်း အားကျမခံ"ငါလည်း ငါ့မိန်းမကို ၄ စက္ကန့်အတွင်း သုညကနေ
၁၀၀ထိ ရောက်သွားနိုင်တဲ့ပစ္စည်းတစ်ခု ၀ယ်ပေးလိုက်တယ်"
"နင်ဝယ်ပေးလိုက်တာferrari မဟုတ်လာ
"ဟုတ်တယ်... ငါ့မိန်းမကိုအနီရောင် ferrari တစ်စီး ၀ယ်ပေးလိုက်တယ်"
တတိယတစ်ယောက်ကလည်း"ငါလည်း ငါ့မိန်းမကို ၂ စက္ကန့်အတွင်း သုညကနေ ၁၀၀ အထိ
ရောက်သွား နိုင်တဲ့ပစ္စည်းဝယ်ပေးလိုက်တယ်"
"ဟာ...မဖြစ်နိုင်တာ..ferrari က ကမ္ဘာပေါ်မှာ အမြန်ဆုံးကားပဲ... မင်းကားက
ဘာကားမို့ လို့လဲ"
"အင်း...ငါဝယ်ပေးတာကားတော့ မဟုတ်ဘူး...ဒါပေမယ့် တကယ်ပဲ ၂ စက္ကန့်အတွင်း
သုညကနေ ၁၀၀ ထိ ရောက်သွားနိုင်တယ်"
" ဘာမို့လိုလဲ... ဘာလဲ....
"ဘာလဲ.."
......... ....
......... ....."ပေါင်ချိန်စက်လေ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေမသွားဖို့၊ မလုံတလုံ
ဝတ်ထားတဲ့ဖက်ရှင်ရှိုးတွေသွားမကြည့်ဖို့ အမြဲပြောတယ်။
အဖေ့စကားနားမထောင်ဘဲအဲဒီလိုနေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ
မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။အဖေက မသွားနဲ့ ပြောမှ တခါမှ
မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး
လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ဝင်ဝင်ချင်းပဲ မမြင်သင့်တာကို
ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲသိလား...ကျွန်တော့် "အဖေ" ကိုလေ....
တခါက တိုင်းပြည် အကြီးအကဲတဦးသည် မိမိ၏ နာမည်နှင့် ဂုဏ်ကို
မြှင့်တင်ချင်သည့်အတွက် ကိုယ့်ပုံကိုတံဆိပ်ခေါင်းအဖြင့်
ထုတ်ဝေခဲ့သည်။ထုတ်ဝေပြီးတလအကြာတွင် ရောင်းအားကောင်းမကောင်း
စာတိုက်ကြီးသို့ ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့သည်။
အကြီးအကဲ..... ငါ့ပုံနဲ့တံဆိပ်ခေါင်း ရောင်းအား ကောင်းလားဟေ့
စာတိုက်မှုး......ကောင်းပါတယ်......ဒါပေမယ့်တံဆိပ်ခေါင်းကော် သိပ်မ
ကပ်ဘူးလို့ ပြောကြတယ်။
အကြီးအကဲ......မဖြစ်နိုင်တာ
ကိုယ်တိုင် တံဆိပ်ခေါင်းတခုကို ယူပြီး နောက်ကျောကို တံထွေး ထွေးကာ
စာအိတ်ပေါ်တွင် ကပ်ကြည့်လိုက်သည်။
အကြီးအကဲ........ကပ်တာမှမြဲနေတာပဲ
စာတိုက်မှုး.......သူတို့ကတံထွေးကို တံဆိပ်ခေါင်းရှေ့ ထွေးကြလို့ပါ။
ကျေးဇူးရှင်
စကားဝိုင်းတွင် စာရေးဆရာပေါက်စက ပြောသည်။
“စာပေကိုမြတ်နိုးတဲ့စိတ်ကြောင့် ဆရာဝန်ဘ၀ကို စွန့်လွှတ်ပြီး စာပေလောကထဲကျွန်တော်ခြေစုံပစ်ဝင်လိုက် တာပဲဗျာ။ ဆေးပညာထက် စာရေးဆရာတစ်ယောက်အနေနဲ့ပြည့်သူလူထုကို ပိုပြီး အကျိုးပြုနိုင်မယ်လို့ ယုံကြည့်တယ်ဗျာ”
စကားဝိုင်းထဲက တစ်ယောက်က ၀င်ထောက်သည်။
“ဆေးပညာကို စွန့်လွှတ်လိုက်တာနဲ့ပဲ တော်တော်လေးအကျိုးပြုပြီးသား ဖြစ်နေပါပြီဗျာ”
bloger name : K@ungM!nHtat Email : ThanMinHtie@gmail.com